အီဂျယ်မျောင်း

From Wikipedia, the free encyclopedia

အီဂျယ်မျောင်း
Remove ads

အီဂျယ်မျောင်း(ကိုရီးယား: 이재명 李在明, ၈ ဒီဇင်ဘာ ၁၉၆၃ ~ )သည် ကိုရီးယားသမ္မတနိုင်ငံ၁၄ ဦးမြောက် သမ္မတဖြစ်သည်။ ယခင်သမ္မတ ယွန်းဆော့ယော၏ စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် ဖရိုဖရဲဖြစ်ခဲ့ရသော အခြေအနေအောက် တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲအသစ်၌ မဲအနိုင်ရပြီး သမ္မတအဖြစ် တာဝန်ယူခဲ့သည်။[][] ယင်းမတိုင်မီက တောင်ကိုရီးယားနိုင်ငံ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။

အချက်တိုများ အီဂျယ်မျောင်း, ဝန်ကြီးချုပ် ...
Remove ads

ငယ်ဘဝ

အီဂျယ်မျောင်းသည် ၁၉၆၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ အန်ဒုံမြို့၌ မွေးဖွားခဲ့သည်။ မိသားစုမှ ဆင်းရဲနွမ်းပါး၍ ငယ်စဉ်ကတည်းက လုပ်ငန်းခွင်အတွင်း၌ ရှင်သန် ဖြတ်သန်းခဲ့ရသည်။ အလုပ်လုပ်စဉ် ကာလအတွင်း လက်တစ်ဖက်၌ ထိခိုက်မှုဖြစ်ပေါ်ခဲ့၍ မသန်စွမ်းမှု တစ်ရပ်ကို ရင်ဆိုင်ခဲ့ရသည်။

သို့သော် သူသည် ကိုယ်ပိုင်ကြိုးစားမှုဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီး ဗဟိုတက္ကသိုလ်တွင် ဥပဒေရေးရာပညာရပ်ကို လေ့လာသင်ယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများအတွက် တရားရေးဆိုင်ရာ ရှေ့နေတစ်ဦး အဖြစ် လှုပ်ရှားခဲ့သည်။

Remove ads

နိုင်ငံရေးဖြတ်သန်းမှု

အီဂျယ်မျောင်းသည် ၂၀၁၀ ပြည့် နှစ်တွင် ဆောင်းနမ်မြို့၏ မြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် ဂယောင်းဂီတိုင်း အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။

၂၀၂၅ ခုနှစ်တွင် ယခင်သမ္မတ ယွန်းဆော့ယော၏ စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအကြပ်အတည်းအပြီးတွင် ကျင်းပသော သမ္မတရွေးကောက်ပွဲတွင် မဲရလဒ် ၄၉ ဒသမ ၄၂ ရာခိုင်နှုန်း မဲရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads