အေးမြတ်သူ
အနုပညာရှင် From Wikipedia, the free encyclopedia
Remove ads
အေးမြတ်သူ (အင်္ဂလိပ်: Aye Myat Thu; ၁၄ စက်တင်ဘာ ၁၉၈၆ မွေးဖွား[၁]) သည် မြန်မာ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ၊ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများနှင့် မော်ဒယ်လုပ်ငန်းများတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူမသည် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုများကို ရရှိခဲ့သူလည်းဖြစ်သည်။[၂][၃] သူမသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီးနောက် မော်ဒယ်နှင့် အလှမယ်ပြိုင်ပွဲများမှတစ်ဆင့် ဖျော်ဖြေရေးအလုပ်အကိုင်များသို့ ဝင်ရောက်ခဲ့သည်။[၄]
Remove ads
နိုင်ငံရေးလှုပ်ရှားမှု့
၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်၊ အေးမြတ်သူသည် အာဏာသိမ်းမှုကို ဆန့်ကျင်သော လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ သူမသည် လူကိုယ်တိုင် ဆန္ဒပြမှုများတွင် ပါဝင်ခြင်းနှင့်အတူ ဆိုရှယ်မီဒီယာများမှတဆင့်လည်း ဆန္ဒပြခဲ့သည်။ ထိုထဲတွင် "We Want Justice" ဟုရေးသားကာ လက်သုံးချောင်းထောင်ပြသည့် လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုတွင် အနုပညာရှင်များအပါအဝင် လူအများအပြား ပါဝင်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီမှ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) အရ ဖမ်းဝရမ်းထုတ်ခံခဲ့ရသည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခြင်းနှင့်ဆိုင်သည့်အမှုဖြစ်ပြီး၊ သူမသည် လူထုမနာခံမှု လှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် တောင်းဆိုခဲ့ခြင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ကော်မတီ (CRPH) ကို ထောက်ခံခဲ့ခြင်း၊ နိုင်ငံတော်၏ တည်ငြိမ်ရေးနှင့် အုပ်ချုပ်မှုစနစ်ကို ထိခိုက်စေနိုင်သည်ဟုဆိုကာ တရားစွဲဆိုခံခဲ့ရခြင်းများ ဖြစ်သည်။[၅][၆][၇]
Remove ads
ရုပ်ရှင်ဇာတ်ကားများ
ရုပ်ရှင်များ
ရုပ်ရှင်ဇာတ်လမ်းတွဲများ
Remove ads
ဆုများနှင့် စကားတင်စာရင်းများ
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads