အေးမြဖြူ

မြန်မာလူမျိုး အဆိုတော် From Wikipedia, the free encyclopedia

အေးမြဖြူ
Remove ads

အေးမြဖြူသည် မြန်မာနိုင်ငံ၏ မြန်မာ အိုင်ဒေါ ရာသီ ၄ မှ ဒုတိယဆု ရရှိသူဖြစ်ပြီး အဆိုတော်နှင့် ကလေးသရုပ်ဆောင်ဟောင်း တစ်​ယောက်ဖြစ်သည်။[][]

အချက်တိုများ အေးမြဖြူ, ကိုယ်ရေး အချက်အလက်များ ...
Remove ads

အစောပိုင်းဘဝ နှင့် ပညာရေး

အေးမြဖြူကို မတ် ၉၊၂၀၀၃ တွင် အဖ ဦးမျိုးဇင် နှင့် အမိ ဒေါ်တူးတူးတို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ သမီးနှစ်ယောက်အနက် အငယ်ဖြစ်ပြီး သူမ၏ အစ်မနာမည်မှာ အေးချမ်းဖြူဖြစ်သည်။ ၂၀၀၈ခုနှစ်တွင် သူမ အသက်ငါးနှစ်သားအရွယ်က မူကြို၌ ကျင်းပသော မြန်မာ့ရိုးရာအကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည်။ နောက်ပိုင်းတွင် အကပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အငြိမ့်ပွဲများတွင် ရိုးရာအကဖြင့် ကပြဖျော်ဖြေခဲ့သည်။ ၂၀၀၉ မှ ၂၀၁၈ ခုနှစ်အထိ အထက (၂) ကမာရွတ် (စိန့်ဩဂတ်စတင်း)တွင် ပညာသင်ယူခဲ့သည်။ ယခုအခါ နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)တွင် အင်္ဂလိပ်ဘာသာရပ်ကို လေ့လာဆည်းပူးလျက်ရှိသည်။

Remove ads

ဂီတလုပ်ငန်း

၂၀၁၂တွင် ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲများ

၁၉ ကြိမ်မြောက် ဆိုကရေးတီး ပြိုင်ပွဲ အဆိုကဏ္ဍတွင် ဒိုးကလေး သီချင်းဖြင့် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။
ကြယ်ကလေးတို့ရဲ့ဂီတမိုးကောင်းကင် တတိယအကြိမ် ပြိုင်ပွဲတွင်ပါဝင်ခဲ့ပြီး ပထမဆုရရှိခဲ့သည်။

၂၀၁၉: Myanmar Idol ပြိုင်ပွဲ

သူမသည် Myanmar Idolပြိုင်ပွဲ Season 4တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဆင့်များစွာကို အောင်မြင်ခဲ့ကာ ဇကာတင် ၁၁ယောက်တွင်ပါဝင်ခဲ့သည်။ နှစ်သက်ရာသီချင်းအပတ်၊ ရော့ခ်ဂီတအပတ်၊ တက္ကသိုလ်အမှတ်တရသီချင်းအပတ်၊ Countryသီချင်းအပတ်၊ စိုးလွင်လွင်သီချင်းအပတ်၊ ဆောင်းရာသီသီချင်းအပတ်၊ ရေပန်းစားတေးသီချင်းများအပတ်၊ မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်အထိမ်းအမှတ် ရုပ်ရှင်တေးသီချင်းအပတ် နှင့် ခွန်အားဖြည့်တေးသီချင်းအပတ် စသော ပြိုင်ပွဲ အပတ် ၈ပတ်ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် အက်စတာဒေါ့ချင်းဆုန် နှင့် ဘင်ဂျမင်ဆွန် တို့နှင့် ယှဉ်ပြိုင်ခဲ့ပြီး အက်စတာက ပထမဆုကိုရရှိ၍ အေးမြဖြူသည် ဘင်ဂျမင်ဆွန်နှင့်အတူ ပူးတွဲ ဒုတိယဆုကိုသာ ရရှိခဲ့သည်။[][]

Remove ads

သီဆိုခဲ့သော သီချင်းများ

တစ်ကိုယ်တော်သီချင်း

  • တိုင်ပြောမယ် (သင်္ကြန်သီချင်း)
  • ဇာတ်လမ်းပဲ (သင်္ကြန်သီချင်း)
  • လွမ်းနေလို့ (၂၀၂၀)
  • နော်
  • Brand new love

ရိုက်ကူးခဲ့သော ဇာတ်ကားများ

ဗီဒီယိုဇာတ်ကားများ

နောက်ထပ် အချက်အလက်များ ခုနှစ်, ဇာတ်ကားအမည် ...

ရုပ်ရှင်ဇာတ်ကားများ

နောက်ထပ် အချက်အလက်များ ခုနှစ်, ဇာတ်ကားအမည် ...

ရုပ်သံဇာတ်လမ်းတွဲ

နောက်ထပ် အချက်အလက်များ ခုနှစ်, ဇာတ်လမ်းတွဲအမည် ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads