၂၀၀၈ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၀၈ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲသည် ထိုင်းနိုင်ငံ၊ နခွန်ရက်ချာစီမာမြို့တွင် ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပသော စတုတ္ထအကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် ပထမဆုံး လက်ခံကျင်းပသော အားကစားပွဲဖြစ်ပြီး ၂၀၀၇ နခွန်ရက်ချာစီမာဆီးဂိမ်း အပြီး တစ်လအကြာတွင် ကျင်းပခြင်းဖြစ်သည်။ မလေးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်ပြီးလျှင် စတုတ္ထမြောက် အိမ်ရှင်နိုင်ငံဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမားပေါင်း ၁၀၀၀ ခန့်က အားကစားနည်း ၁၄ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပထမ၊ ဒုတိယနှင့် တတိယရရှိခဲ့သည်။
Remove ads
လက်ခံကျင်းပခြင်း
စတုတ္ထအကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။
ကွင်းများ
၂၀၀၈ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို နေရာ ၁၄ နေရာတွင် ကျင်းပခဲ့သည်။
Remove ads
ပြိုင်ပွဲအထိမ်းအမှတ်များ
အထိမ်းအမှတ်တံဆိပ်
၂၀၀၈ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ နခွန်ရက်ချာစီမာ၏ သမိုင်းဝင်နေရာ ချန်ပယ်ဂိတ်ဖြစ်သည်။ ထိုဂိတ်မှာ အောင်မြင်မှုကို ကိုယ်စားပြုသည်။ ထို့အပြင် ထိုင်းအနုပညာနှင့် ယဉ်ကျေးမှု၏ အထူးကောင်းမွန်သောအရာဟု သတ်မှတ်နိုင်သည်။
လာဘ်ကောင်
၂၀၀၈ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ခိုခရွန်ဆိုသော ချိုးငှက်ဖြစ်သည်။ ထိုငှက်မှာ နခွန်ရက်ချာစီမာ၏ အထိမ်းအမှတ်လည်းဖြစ်သည်။ နော့ခိုခရွန်ဆိုသည် မှာ ချိုးငှက်ကို ဒေသအခေါ်ဖြစ်သည်။ ထိုငှက်များမှာ ဉာဏ်ကောင်းသည်။ စေတနာရှိသည်။ သိမ်မွေ့ပြီး ဖော်ရွေလှသည်။
Remove ads
ပွဲများနှင့်အားကစား
ဖွင့်ပွဲ
၂၀၀၈ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ဖွင့်ပွဲကို ဇန်နဝါရီ ၂၀ ရက်နေ့ ၇ နာရီက နှစ် ၈၀ ပြည့်မွေးနေ့အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဝန်ကြီးချုပ် ချူလာနော့က အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ပိတ်ပွဲ
၂၀၀၈ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ပိတ်ပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့ ည ၇ နာရီတွင် နှစ် ၈၀ ပြည့်မွေးနေ့အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထို့နောက် ၂၀၀၉ ကွာလာလမ်ပူပွဲတော်ကို လက်ခံကျင်းပမည့် မလေးရှားနိုင်ငံကို အားကစားရေးရာများ လွှဲပြောင်းပေးခဲ့သည်။ အမှန်မှာ ၂၀၀၉ ဗီယက်ကျင်းဆီးဂိမ်းကို လက်ခံကျင်းပမည့် လာအိုနိုင်ငံမှာ ပါရာဂိမ်းကိုပါ လက်ခံကျင်းပရမည်ဖြစ်သော်လည်း ဘဏ္ဍာရေးအခက်အခဲကြောင့် လက်ခံကျင်းပနိုင်ခြင်းမရှိခဲ့ပေ။
ပါဝင်သောနိုင်ငံများ
အားကစားနည်းများ
- မြားပစ်
- ပြေးခုန်ပစ်
- ကြက်တောင်ရိုက်
- ဘော့စီးယား
- စစ်တုရင်
- ဝှီးချဲ ဓားသိုင်း
- မျက်မမြင်ဘောလုံး
- ဂျူဒို
- အလေးမ
- သေနတ်ပစ်
- ရေကူး
- စားပွဲတင် တင်းနစ်
- ဝှီးချဲ ဘတ်စကတ်ဘော
- ဝှီးချဲ တင်းနစ်
ဆုတံဆိပ်ဇယား
၂၀၀၈ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၄၈၈ ခု၊ ငွေတံဆိပ် ၃၂၀ ခု၊ ကြေးတံဆိပ် ၂၄၄ ခု စုစုပေါင်းဆုတံဆိပ် ၁၀၅၂ ခု ချီးမြှင့်နိုင်ခဲ့သည်။[၁][၂]
- Key
* အိမ်ရှင်နိုင်ငံ
ဆက်စပ်ကြည့်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads