စင်ကာပူ အမျိုးသားအားကစားကွင်း
စင်ကာပူနိုင်ငံရှိ အားကစားကွင်းစင်ကာပူ အမျိုးသားအားကစားကွင်း သည် စင်ကာပူနိုင်ငံ၊ ကလန်အရပ်တွင် တည်ရှိသည်။ ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ယခင် အမျိုးသားအားကစားကွင်းကို ၂၀၀၇ခုနှစ်တွင် ပိတ်သိမ်း၍ ၂၀၁၀ပြည့်နှစ်တွင် ဖြိုချကာအသစ်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၂၈ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲများကို ကျင်းပခဲ့သည်။၂၀၀၆ ခုနှစ်တွင် ယခင်အားကစားကွင်းဟောင်းအတွင်း နောက်ဆုံးကျင်းပခဲ့သော စင်ကာပူအမျိုးသားနေ့အခမ်းအနားသည် ၂၀၁၆ခုနှစ်တွင် ယခုအားကစားကွင်းအသစ်အတွင်း ပြန်လည်ကျင်းပခဲ့သည်။ သို့သော် ကုန်ကျစရိတ်ကြီးမားသောကြောင့် ၂၀၁၆ ခုနှစ် နောက်ပိုင်းကျင်းပသော စင်ကာပူအမျိုးသားနေ့ အခမ်းအနားများကို စင်ကာပူအမျိုးသားအားကစားကွင်းအစား မာရီနာဘေး နှင့် လွှတ်တော်အဆောက်အအုံရှေ့ မြက်ခင်းပြင် (ပါဒ်တန်း) တွင် ကျင်းပခဲ့သည်။
Read article