ကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်း
ကွမ်တုံးကွမ်ယင်ဘုရားကျောင်း (ဝါ) ကွမ်ယင်ဗုဒ္ဓဘာသာဘုရားကျောင်းသည် ရန်ကုန်မြို့၊ လသာလမ်း၌ ရှိပြီး၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မဖြစ်ပွားမီကပင် သစ်သားအဆောက်အဦ အဖြစ် တည်ရှိသည်။ ၁၈၅၅ ခုတွင် မီးလောင် ပျက်စီးပြီး ၁၈၆၈ တွင် အသစ် ပြန်လည် တည်ဆောက်သည်။ ၁၈၇၂ တွင် တိုးချဲ့ မွမ်းမံမှု ပြုပြီး ၁၈၈၈ ခုတွင်လည်း ထပ်မံပြုပြင်သည်။ ကွမ်းတုံ/ ကွမ်တုံး/ ကန်တုံ စသဖြင့် အသံထွက် အနည်းငယ် ခြားနားသော်လည်း အသံထွက် အမှန်မှာ ကွမ်တုံး ဖြစ်သည်။ ကွမ်တုံးလူမျိုးတို့ ကိုးကွယ်ရာ ကွမ်ယင်မယ်တော်ကျောင်း ဖြစ်သည်။ စဉ့်အိုးတန်းလမ်း၌ ဖူကျန့်လူမျိုးတို့ ကိုးကွယ်သော ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းလည်း ရှိသည်။ကွမ်းယင်းကိုလည်း ကွမ်းရင်/ ကွမ်ယင်/ ကွမ်ရင် စသဖြင့် အမျိုးမျိုး ရေးကြ ခေါ်ကြသေးသည်။ အသံထွက်အရ ရေးရမည်ဆိုပါက ကွမ်းယင်း ဖြစ်သည်။
Read article
Nearby Places

လမ်းမတော်မြို့နယ်
မြန်မာနိုင်ငံရန်ကုန်မြို့

ဒဂုံမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်

လသာမြို့နယ်
ရန်ကုန်မြို့၏ တရုတ်တန်းဟူ၍ နာမည်ကြီးသော မြို့နယ်

ဗိုလ်တထောင်မြို့နယ်
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်ခရိုင်အတွင်းရှိ မြို့နယ်

ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်း

ဆူးလေရှန်ဂရီလာဟိုတယ်

သျှရီကာလီမယ်တော်ကျောင်းတော်
လျောင်စန်တောင် ဘုရားကျောင်း
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ တရုတ်ဗုဒ္ဓဘာသာ ဘုရားကျောင်း