Map Graph

ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်း

ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်း(တရုတ်: 慶福宮; ပင်ယင်: Qìngfú Gōng; ပေဝေဂျီ: Khèng-hok-kiong)သည် ကမ်းနားလမ်းနှင့် စဉ့်အိုးတန်းလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး အကြီးဆုံးနှင့် သက်တမ်းအကြာဆုံး တရုတ်ရိုးရာ ဘုရားကျောင်းဖြစ်ကာ ဘုရားမ Mazu ကိုရည်ညွှန်းသည်။ မူလတွင် ဘုရားကျောင်းကို သစ်သားတို့ဖြင့် တည်ဆောက်ခဲ့ပြီး ၁၈၆၁ ခုနှစ်တွင် စတင်တည်ဆောက်ကာ ၁၈၆၃ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ အုတ်ဖြင့်ဆောက်သော အဆောက်အဦသစ်ကို ၁၉၀၃ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ရူပီးငွေ ၁၅၃,၀၀၀ ကျော် ကျသင့်ခဲ့သည်။ ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းကို ဟုတ်ကင်းလူမျိုးအသင်းအဖွဲ့မှ ပြင်ဆင်ခဲ့သည်။ ဘုရားကျောင်းသည် ဟုတ်ကင်းနှင့် ဟတ်ကား တရုတ်လူမျိုးဆုတောင်းသူ ဘုရားဖူးများ အများဆုံး ဆုတောင်းဝတ်ပြုရာနေရာလည်း ဖြစ်သည်။ လသာမြို့နယ်တွင် ကန်တုံလူမျိုးများ ဘုရားရှိခိုးရာ ကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်း လည်းရှိသေးသည်။

Read article
ဖိုင်:Keng_Hock_Keong.jpgဖိုင်:Myanmar_location_map.svgဖိုင်:Kheng_Hock_Keong_Temple,_Yangon.jpgဖိုင်:Kheng_Hock_Keong_Temple_at_2013_Chinese_New_Year.jpgဖိုင်:Kheng_Hock_Keong_at_night,_Yangon.jpgဖိုင်:Kheng_Hock_Keong_courtyard,_Yangon.jpgဖိုင်:Kheng_Hock_Keong_entrance,_Yangon.jpgဖိုင်:Mazu_Shrine_Yangon.jpg