လုပ်သားများကောလိပ်
From Wikipedia, the free encyclopedia
Remove ads
လုပ်သားကောလိပ် သည် ရန်ကုန်တက္ကသိုလ်၏ အဖွဲ့အစည်းတွင်ပါဝင်သည့် ကောလိပ်တစ်ခု ဖြစ်သည်။ ရန်ကုန်မြို့ အရှေ့ဘက် ဗိုလ်တထောင်မြို့တွင် တည်ရှိသည်။ များသောအားဖြင့် အချိန်ပိုင်းကျောင်းသားများအတွက် သိပ္ပံ၊ ဥပဒေ၊ လစ်ဘရယ် ဝိဇ္ဇာ (Liberal Arts) တို့ကို ဘွဲ့ကြိုအစီအစဉ်များဖြင့် သင်ကြားပေးသည်။ လုပ်သားများကောလိပ်သည် ၂၀၀၄ ခုနှစ်ကတည်းက ပရဝုဏ်နယ်မြေကို အသစ်ဖြစ်သည့် မြန်မာနိုင်ငံအမျိုးသားစီမံခန့်ခွဲမှု တက္ကသိုလ် သို့ ပြောင်းလဲခဲ့သည်။[၁]
Remove ads
သမိုင်းကြောင်း
ကောလိပ်သည် ရန်ကုန်တက္ကသိုလ်၏ အဖွဲ့ဝင် ကောလိပ်တစ်ခုအနေဖြင့် ရှိခဲ့သည်။ အသက်အရွယ်ရပြီးသောသူများအတွက် တက္ကသိုလ်အဖြစ်တည်ထောင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ရန်ကုန်ကောလိပ်သို့ အမည်ပြောင်းလဲခဲ့သည်။
အစီအစဉ်များ
ကောလိပ်တွင် ဘွဲ့ကြိုဒီဂရီအစီအစဉ်များကို သင်ကြားပေးလျက်ရှိသည်။ ဝိဇ္ဇာဘွဲ့ရများ (BA)၊ သိပ္ပံဘွဲ့ရများ (BSc)၊ ဥပဒေဘွဲ့ရများ (LLB) များကို ရည်ရွယ်ကာ သင်ကြားပေးလျက် ရှိသည်။
Remove ads
အုပ်ချုပ်ရေးဌာနများ
- ရုက္ခဗေဒဌာန
- မြန်မာစာဌာန
- ဓာတုဗေဒဌာန
- အင်္ဂလိပ်စာဌာန
- သမိုင်းဌာန
- ဥပဒေဌာန
- သင်္ချာဌာန
- ဒဿနိကဗေဒဌာန
- ရူပဗေဒဌာန
- စိတ်ပညာဌာန
- သတ္တဗေဒဌာန
အဆောက်အဦများ
- အုပ်ချုပ်ရေးအဆောက်အဦ
- ဘွဲ့နှင်းသဘင်ခန်းမ
- ဓာတ်ခွဲခန်းအဆောက်အဦ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads