ကရင်ဘာသာစကား /kəˈrɛn/[2] သည် လူဦးရေ ခုနစ်သန်းခန့်ရှိသော ကရင်လူမျိုးများက ပြောဆိုအသုံးပြုကြသည် ဘာသာစကားတစ်ခု ဖြစ်သည်။ ကရင်ဘာသာစကားများသည် တရုတ်-တိဗက်နွယ် ဘာသာစကားများအုပ်စုထဲတွင် ဆက်နွယ်မှုမှာ ရှင်းလင်းခြင်း မရှိပေ။[3] ကရင်ဘာသာစကားများသည် စာရေးသားရာတွင် မြန်မာအက္ခရာများကို အသုံးပြုသည်။[4] အဓိက ကရင်ဘာသာစကားကြီး သုံးခုမှာ စကောကရင်ဘာသာစကားပိုးကရင်ဘာသာစကားနှင့် ပအိုဝ်းဘာသာစကားတို့ ဖြစ်ကြသည်။ ကရင်နီ (ကယား) နှင့် ကယန်း (ပဒေါင်) တို့သည် စကော နှင့် ဆက်စပ်နေကြသည်။ အခြားသော ကရင်ဘာသာစကားများနှင့် နှိုင်းယှဉ်ပါက တရုတ်-တိဗက်နွယ် ဘာသာစကားအုပ်စုတွင် ပုံစံကွဲနေပြီး ကတ္တား-ကြိယာ-ကံ (subject–verb–object) ပုံစံ ဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားအုပ်စုမှာ ကတ္တား-ကံ-ကြိယာ (subject–object–verb) ပုံစံ ဖြစ်သည်။[5] ယင်းမှာ မွန်နှင့် ထိုင်းဘာသာစကားများ၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်။[6] ထို့အပြင် ကရင်ဘာသာစကားများတွင် တရုတ်လွှမ်းမိုးမှု မရှိသည့်အတွက် ထူးခြားသည်ဟုလည်း မှတ်ယူနိုင်သည်။[7]

အချက်တိုများ ကရင်နွယ်ဘာသာစကားများ, လူမျိုး: ...
ကရင်နွယ်ဘာသာစကားများ
လူမျိုး:ကရင်လူမျိုး
ဒေသအလိုက်
ပျံ့နှံ့မှု:
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်မျဉ်းတလျှောက်
ခွဲခြားမှု:တရုတ်-တိဗက်နွယ်
  • ကရင်နွယ်ဘာသာစကားများ
ရှေးဦးပထမဖြစ်သော ဘာသာစကားရှေးဦး-ကရင်နွယ်
အခွဲများ:
ISO 639-2 / 5:kar
Glottolog:kare1337[1]
Thumb
ပိတ်ရန်

ကရင်စကားသုံးစွဲသူအရေအတွက်

မြန်မာနိုင်ငံအတွင်း ကရင်ဘာသာစကားပြောဆိုသုံးစွဲသူများအနက် စကောကရင် စကားပြောဆိုသူ ၁.၂၈ သန်း၊ အရှေ့ပိုးကရင်စကား ပြောဆိုသူ တစ်သန်းခန့်နှင့် အနောက်ပိုးကရင်စကားပြောဆိုသူ ၂၁၀၀၀၀ ခန့် ရှိပြီး အခြား ကရင်ဘာသာစကားကွဲများ ပြောဆိုသူ ငါးသိန်းကျော်ရှိသည်ဟု Ethnologue 16th edition တွင် ဖော်ပြထားသည်။ အင်တာနက်ပေါ်တွင် ကရင်-အင်္ဂလိပ် အဘိဓာန်များတင်ထားသည်လည်း ရှိသည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.