ဘာရိန်းနိုင်ငံ
From Wikipedia, the free encyclopedia
ဘာရိန်းနိုင်ငံ၏ တရားဝင်အမည်မှာ ဘာရိန်းဘုရင့်နိုင်ငံ (Kingdom of Bahrain) ဟုဖြစ်သည်။ ပါရှန်ပင်လယ်ကွေ့ အတွင်းရှိ ကျွန်းငယ်လေးဖြစ်ပြီး အယ်လ်ခါလီဖာ (Al Khalifa) တော်ဝင်မိသားစုမှ အုပ်ချုပ်သည်။ ဘာရိန်းနိုင်ငံသည် ကျွန်းပေါင်း (၃၃)ခုဖြင့်ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံဖြစ်သော်လည်း ဘာရိန်းကျွန်းမှာ အကြီးဆုံးဖြစ်သည်။ ၅၅ကီလိုမီတာရှည်ပြီး ၁၈ကီလိုမီတာကျယ်သည်။ ဆော်ဒီအာရေဗျနိုင်ငံသည် ဘာရိန်းနိုင်ငံ၏ အနောက်ဘက်တွင်ရှိပြီး ဖာ့ဒ်ဘုရင်တမံပေါင် (King Fahd Causeway) ဖြင့် ဆက်သွယ်ထားသည်။ ၁၉၈၆ခု၊ နိုဝင်ဘာလ (၂၅)ရက်နေ့တွင် အဆိုပါတမံပေါင်ကို ဖွင့်လှစ်ခဲ့သည်။ ဘာရိန်းပင်လယ်ကွေ့၏ အရှေ့တောင်ဘက်တွင် ကာတာနိုင်ငံ ရှိသည်။ ကာတာ-ဘာရိန်းတမံပေါင် စီမံကိန်းပြီးစီးလျှင် ကမ္ဘာ့အရှည်ဆုံး ပေါင်းကူးတမံဖြစ်လာမည်ဖြစ်သည်။ ဘာရိန်းနိုင်ငံသည် ရေနံနှင့် ပုလဲ ကြွယ်ဝသော တိုင်းပြည်ဖြစ်သည်။ မိုးမျှော်အဆောက်အဦးများလည်း အများအပြားရှိသည်။ ဘာရိန်းကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန နှင့် ဘာရိန်း ဘဏ္ဍာရေးဆိပ်ကမ်းတို့အပြင် အခြားမိုးထိုးအဆောက်အဦးအများအပြားရှိသည်။ ၁၀၂၂မီတာအမြင့်ရှိမည့် မာဂျန်တာဝါ ကို ဆောက်လုပ်ရန် စီစဉ်လျက် ရှိသည်။
ကင်းဒမ်းအော့ဖ် ဘာရိန်း | |
---|---|
နိုင်ငံတော် သီချင်း: نشيد البحرين الوطني Baḥraynunā Our Bahrain | |
ဘာရိန်းနိုင်ငံ၏ တည်နေရာ (အစိမ်းရောင်ဖြင့်) | |
မြို့တော် နှင့် အကြီးဆုံးမြို့ | မာနာမာမြို့ 26°13′N 50°35′E |
ရုံးသုံး ဘာသာစကားများ | အာရပ်ဘာသာ[1] |
အသိအမှတ်ပြု ဘာသာစကားများ | အင်္ဂလိပ်[2][3] |
လူမျိုးစု (၂၀၂၀ [4]) |
|
ကိုးကွယ်မှု | |
Demonym | Bahraini |
အစိုးရ | ပြည်ထောင်စု အစ္စလာမ်မစ် စည်းမျဉ်းခံဘုရင်စနစ် |
• ဧကရာဇ် | ဟာမတ် ဘင် အီဆာ အယ်လ် ခါလီဖာ |
• အိမ်ရှေ့မင်းသား | ဆယ်မန် ဘင် ဟာမတ် အယ် ခါလီဖာ |
• ဝန်ကြီးချုပ် | ဆယ်မန် ဘင် ဟာမတ် အယ် ခါလီဖာ |
ဥပဒေပြုလွှတ်တော် | အမျိုးသားလွှတ်တော် |
အတိုင်ပင်ခံကောင်စီ | |
ကိုယ်စားလှယ်ကောင်စီ | |
တည်ထောင်ခြင်း | |
• အယ်လ် ခါလီဖာ မင်းဆက် | ၁၇၈၃ |
• လွတ်လပ်ရေးကြေညာခဲ့[5] | ၁၉၇၁ ခုနှစ် ဩဂုတ်လ ၁၄ ရက် |
၁၉၇၁ ခုနှစ် ဩဂုတ်လ ၁၅ ရက် | |
၁၉၇၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက် | |
• ဘာရိန်းဘုရင့်နိုင်ငံ | ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၇၈၅.၀၈[7] km2 (၃၀၃.၁၂ sq mi) (အဆင့်: ၁၇၂) |
• ရေထု (%) | မပြောပလောက် |
လူဦးရေ | |
• ၂၀၁၆ ခန့်မှန်း | ၁,၄၂၅,၁၇၁[8] (အဆင့် - ၁၄၉) |
• ၂၀၂၀ သန်းခေါင်စာရင်း | ၁,၅၀၁,၆၃၅[4] |
• သိပ်သည်းမှု | ၁,၉၁၂.၇/km2 (၄,၉၅၃.၉/sq mi) (အဆင့် - ၃) |
GDP (PPP) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၇၈.၇၆၀ ဘီလီယံ[9] (အဆင့် - ၉၄) |
• Per capita | $၅၂,၁၂၉[9] (အဆင့် - ၁၉) |
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၄၁.၆၀၇ ဘီလီယံ[9] (အဆင့် - ၉၁) |
• Per capita | $၂၇,၅၃၈[9] (အဆင့် - ၃၃) |
HDI (၂၀၁၉) | ၀.၈၅၂[10] အလွန်မြင့် · ၄၂ |
ငွေကြေး | ဘာရိန်း ဒီနာ (BHD) |
အချိန်ဇုန် | AST (UTC+3) |
ယာဉ်ကြောစနစ် | ညာ |
တယ်လီဖုန်းကုဒ် | +၉၇၃ |
Internet TLD | .bh |
ဝက်ဘ်ဆိုဒ် bahrain.bh | |
|