ကျောက်ပန်းတောင်းမြို့
မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၏ မြို့ / From Wikipedia, the free encyclopedia
ကျောက်ပန်းတောင်းမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း မြို့အုပ်ရုံးစိုက်ရာမြို့ ဖြစ်၏။ မြင်းခြံမြို့မှ ၅၈ မိုင် ဝေး၏။ မြို့မှာ စတုရန်း ၂ မိုင်ခန့် ကျယ်ဝန်း၍ ၁၉၅၃-ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၄၈ဝ ခန့်ရှိသည်။ လူများသည် တောင်သူလုပ်ငန်းဖြင့် အဓိက အသက် မွေးမြူကြသည်။ ထိုမြို့နယ်မှ ထန်းလျက်၊ မြေပဲ၊ နှမ်း၊ ဆီ၊ မန်ကျည်းသီး၊ ဩဇာသီး၊ နဂါးမောက်သီး နှင့် သနပ်ခါးခေါက်များ အများအပြား ထွက်လေသည်။
အချက်တိုများ ကျောက်ပန်းတောင်းမြို့, နိုင်ငံ ...
ကျောက်ပန်းတောင်းမြို့ | |
---|---|
မြို့ | |
နာမည်ပြောင်(များ): စကားဝါမြေ (အင်္ဂလိပ်: The Land of Bright Yellow Michelia Champaca) | |
ကျောက်ပန်းတောင်းမြို့တည်နေရာ | |
ကိုဩဒိနိတ်: 20°50′N 95°8′E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | ညောင်ဦး |
မြို့နယ် | ကျောက်ပန်းတောင်းမြို့နယ် |
ကျောက်ပန်းတောင်းရွာ | ပုဂံခေတ် |
ကျောက်ပန်းတောင်းမြို့ | ဩဂုတ်လ ၃၁ ရက်၊ ၁၉၇၂ [1] |
လူဦးရေ (၂၀၁၄) | ၄၂,၈၁၇ [2] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ပိတ်ရန်