ကျောက်မဲမြို့
ရှမ်းပြည်နယ်မြောက်ပိုင်း / From Wikipedia, the free encyclopedia
ကျောက်မဲမြို့ သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်တွင် တည်ရှိသည်။ ကျောက်မဲမြို့မှာ ရှမ်းပြည်နယ်မြို့ကြီးများအနက် အရေးပါလှသော မြို့တစ်မြို့ ဖြစ်သည်။ ကျောက်မဲမြို့ဟုခေါ်တွင်ရခြင်းမှာ မြို့နှင့်အတန်ကွာတွင် ရှမ်းဘာသာအားဖြင့် ကုန်းမဟင်လံ မြန်မာဘာသာအားဖြင့် မည်းနက်သောကျောက်ဟု ခေါ်သည့် ကျောက်တောင်တန်းကြီးတစ်ခု တည်ရှိသောကြောင့် ဖြစ်သည်။
ကျောက်မဲမြို့ | |
---|---|
ကျောက်မဲမြို့ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 22°32′21″N 97°1′42″E | |
နိုင်ငံ | မြန်မာနိုင်ငံ |
ပြည်နယ် | ရှမ်းပြည်နယ် |
ခရိုင် | ကျောက်မဲခရိုင် |
မြို့နယ် | ကျောက်မဲမြို့နယ် |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂၅၀၆ ပေ (၇၆၄ မီတာ) |
လူဦးရေ (၂၀၁၄)[1] | ၃၉,၉၃၀ |
• လူမျိုးများ | ရှမ်း၊ ပလောင်၊ ဗမာ |
• ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကျောက်မဲမြို့၏ အကျယ်အဝန်း ဧရိယာမှာ စတုရန်း ၂ မိုင်နီးပါးရှိ၏။ မြို့ပေါ်လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၃၉,၉၃၀ ဦး ဖြစ်သည်။[1] မြို့နေလူများစုမှာ ရှမ်းလူမျိုး ဗုဒ္ဓအယူဝါဒီများ ဖြစ်ကြသည်။ ထိုမြို့ပေါ်ရှိ ရှမ်း ပြည်နယ်ဆိုင်ရာ အခြားရုံးများမှာ သီပေါနယ်ဆိုင်ရာ နယ်ခြားဝန်ထောက်ရုံး၊ ကျောက်မဲနယ်ဆိုင်ရာ ခရိုင် အင်ဂျင်နီယာရုံး၊ ကျောက်မဲ နယ်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးတို့ ဖြစ်ကြသည်။ မြို့မှာ ခေတ်မှီမြို့တစ်မြို့ ဖြစ်သည့်အတိုင်း အထက်တန်းကျောင်း၊ ပြည်သူ့ဆေးရုံ၊ လယ်ယာစိုက်ပျိုးမှု ဥယျာဉ်တို့လည်း ရှိ၏။