ကြက်သွန်ဖြူ
အနည်းငယ်ပတ်ပတ်လည်ဦးခေါင်း, ပြားချပ်ချပ်ပွင့်ချပ်ချွတ်ပတ်ပတ်လည်ရှိခဲ့သည်။ အဖြူရောင်ပြင် sh / From Wikipedia, the free encyclopedia
အများအခေါ် garlic ဟူသော ကြက်သွန်ဖြူ၏ ရုက္ခဗေဒအမည်မှာ Allium sativum ဖြစ်သည်။ ကြက်သွန်နီ onion ၏ မိသားစု Alliaceae ထဲတွင် ပါဝင်သော မျိုးစိတ် တစ်ခုဖြစ်သည်။အစိမ်းစားလျှင် ပူစပ်စပ် အရသာပြီး ချက်ပြုတ်လိုက်သောအခါတွင်မူ ချိုသော အရသာရှိသည်။ ကြက်သွန်ဖြူရဲ့ အရွက်ဖြစ်သော ကြက်သွန်မိတ် နဲ့ အဖူး အပွင့်များအားလည်း စားသုံးလို့ရနိုင်ပါသည်။ ကြက်သွန်ဖြူ အမွှာများကို အစိမ်းသော်လည်းကောင်း၊ ချက်ပြုတ်စားသော်လည်းကောင်း စားနိုင်ပြီး ဆေးဖက်ဝင်သော အပင်တစ်မျိုးလည်း ဖြစ်သည်။
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
Garlic | |
---|---|
Allium sativum, known as garlic, from William Woodville, Medical Botany, 1793. | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Monocots |
မျိုးစဉ်: | Asparagales |
မျိုးရင်း: | Amaryllidaceae |
မျိုးရင်းသေး: | Allioideae |
မျိုးဇာတ်: | Allieae |
မျိုးစု: | Allium |
မျိုးစိတ်: | A. sativum |
ဒွိနာမ | |
Allium sativum | |
Synonyms | |
Synonymy
|
မချက်ပြုတ်ထားသော ကြက်သွန်ဖြူ အစိမ်းကိုစားသုံးခြင်းဖြင့် သွေးကြောများ အတွင်း သွေးခဲခြင်း နှင့် သာမန်ထက်ပိုသော သွေးပေါင်ချိန်ကို လျော့ကျစေနိုင်သည်။ သို့သော် အများအားဖြင့် ကြက်သွန်ဖြူကို ချက်ပြုတ်ပြီးမှသာလျှင် စားသုံးကြသည်။
အမေရိကန်ပြည်ထောင်စုနဲ့ အာဂျင်တီးနား နိုင်ငံတို့မှ သိပ္ပံပညာရှင်များက ကြက်သွန်ဖြူကို ၃ မိနစ်ထိသာ အပူပေးချက်ပြုတ်မယ်ဆိုရင် ကြက်သွန်ဖြူ အစိမ်းကဲ့သို့ပင် အာနိသင် မလျော့ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ ထိုတွေ့ရှိချက်အရ ထောင်းထားသော ကြက်သွန်ဖြူသည် ပို၍ပင် အာနိသင်ရှိပြီး ၆ မိနစ်ထိ ကြာအောင် ချက်ပြုတ်ခြင်းသည် အာနိသင်မလျော့သွားကြောင်း တွေ့ရှိရသည်။ သို့သော်ငြားလည်း မိုက်ခရိုဝေ့ဗ်နှင့် ချက်ပြုတ်ခြင်းသည် ကြက်သွန်ဖြူရဲ့ သွေးကြောထဲမှာ သွေးခဲခြင်းကို ကာကွယ်ပေးသော အာနိသင် ပျက်ပြယ်သွားစေသည်။