ဂန့်ဂေါမြို့
မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီးတွင် တည်ရှိသောမြို / From Wikipedia, the free encyclopedia
ဂန့်ဂေါမြို့ သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ နှင့် ဂန့်ဂေါမြို့နယ်တို့၏ ရုံးစိုက်ရာ မြို့ဖြစ်ပြီး မူလက ပခုက္ကူခရိုင်တွင်ပါဝင်သောမြို့နယ်တစ်ခုဖြစ်သည်။ ဂန့်ဂေါနယ်မှာ ပခုက္ကူခရိုင်၏ အနောက် မြောက်ဘက်နယ်ဖြစ်၍ အရှေ့ဘက်၌ပုံတောင်၊ အနောက်ဘက်၌ ချင်းတောင်တို့၏ စပ်ကြားတွင် တည်ရှိသော ကျဉ်းမြောင်းရှည်လျားသည့် မြေနိမ့်ဒေသကလေးမျှသာ ဖြစ်သည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၆၉၈ စတုရန်းမိုင်မျှ ဖြစ်လေသည်။ မြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၃,၃၉၃ ဦး [1] ဖြစ်သည်။ မြို့နယ်အတွင်း၌ ယောလူမျိုးအများ နေထိုင်သည်။
ဂန့်ဂေါမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 22°9′50″N 94°7′27″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မကွေးတိုင်းဒေသကြီး |
ခရိုင် | ဂန့်ဂေါ |
မြို့နယ်ရုံးစိုက်ရာမြို့ | ဂန့်ဂေါမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ဂန့်ဂေါမြို့သည် မြစ်သာမြစ်၏ လက်ျာဘက်ကမ်းတွင် တည်ရှိသည်။ ထီးလင်းမြို့မှ ကလေးမြို့သို့သွားသော နွေရာသီ ကားလမ်းသည် ဂန့်ဂေါမြို့ကိုဖြတ်လျက် ရှိ၏။ စွယ်တော်ရှင် စေတီသည် ဂန့်ဂေါမြို့ရှိ တန်ခိုးကြီးစေတီတော် ဖြစ်သည်။ ယောဆရာတော် ၊ မုံလယ်ဆရာတော်၊ ကျောက်ဂူဆရာတော် တို့သည် ထင်ရှားသော ဆရာတော်အရှင်သူမြတ်များဖြစ်သည်။ မြို့နယ်တစ်ခုလုံးသည် ရေအလို့ငှာ မြစ်သာမြစ်ကို အားကိုးရသည်။ ဂန့်ဂေါမြို့တွင် ပိုးထည်၊ ချည်ထည် လုပ်ငန်း အတော်အတန် ထွန်းကားသည်။ ဂန့်ဂေါဒေသမှထွက်သော ဂန့်ဂေါ ယောလုံချည်မှာ တစ်နိုင်ငံလုံးကျော်ကြားသည် [2]