မကွေးတိုင်းဒေသကြီး
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး / From Wikipedia, the free encyclopedia
မကွေးတိုင်းဒေသကြီး (အင်္ဂလိပ်: Magway Region သို့မဟုတ် Magwe Region၊ ယခင် အမည် - မကွေးတိုင်း)သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အလယ်ပိုင်းရှိ အုပ်ချုပ်ရေး နယ်မြေ တစ်ခု ဖြစ်သည်။ မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး ခုနစ်ခုအနက် ဒုတိယအကြီးဆုံးဖြစ်ကာ ၄၄,၈၂၀ စတုရန်း ကီလိုမီတာ (၁၇,၃၀၆ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြို့တော်မှာ မကွေးမြို့ ဖြစ်သည်။ ပခုက္ကူမြို့သည် တိုင်းဒေသကြီး၏ အကြီးဆုံးနှင့် အစည်ကားဆုံးမြို့ ဖြစ်သည်။ မကွေးတိုင်းဒေသကြီးရှိ ဧရာဝတီတံတား (ပခုက္ကူ) သည် မြန်မာပြည်တွင် အရှည်ဆုံးတံတား ဖြစ်သည်။မြန်မာနိုင်ငံ၏ အဓိကဆီအိုးကြီးလည်း ဖြစ်ပါသည်။[ကိုးကားချက်လိုသည်]
အချက်တိုများ မကွေးတိုင်းဒေသကြီး, နိုင်ငံ ...
မကွေးတိုင်းဒေသကြီး | |||
---|---|---|---|
တိုင်းဒေသကြီး | |||
မကွေးတိုင်းဒေသကြီး နယ်နမိတ်အဝင် | |||
| |||
မြန်မာနိုင်ငံအတွင်း မကွေးတိုင်းဒေသကြီး တည်နေရာ | |||
ကိုဩဒိနိတ်: 20°15′N 94°45′E | |||
နိုင်ငံ | မြန်မာ | ||
တိုင်းဒေသကြီး | အလယ်ပိုင်း | ||
မြို့တော် | မကွေးမြို့ | ||
အစိုးရ | |||
• ဝန်ကြီးချုပ် | ဦးတင့်လွင် | ||
• အစိုးရအဖွဲ့ | မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ | ||
• ဥပဒေပြုလွှတ်တော် | မကွေးတိုင်းဒေသကြီး လွှတ်တော် | ||
• တရားလွှတ်တော် | မကွေးတိုင်းဒေသကြီး တရားလွှတ်တော် | ||
ဧရိယာ | |||
• စုစုပေါင်း | ၄၄၈၂၀.၆ စတုရန်းကီလိုမီတာ (၁၇၃၀၅.၃ စတုရန်းမိုင်) | ||
ဧရိယာအဆင့် | စတုတ္ထ | ||
လူဦးရေ (၂၀၁၄)[1] | |||
• စုစုပေါင်း | ၃,၉၁၇,၀၅၅ | ||
• အဆင့် | သတ္တမ | ||
• သိပ်သည်းမှု | ၈၇/km၂ (၂၃၀/sq mi) | ||
Demographics | |||
• လူမျိုးစုများ | ဗမာ၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင် | ||
• ကိုးကွယ်မှု | ဗုဒ္ဓ ၉၈.၈% ခရစ်ယာန် ၀.၇% အစ္စလာမ် ၀.၃% ဟိန္ဒူ ၀.၁% animism ၀.၁% | ||
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+06:30) | ||
HDI (၂၀၁၇) | ၀.၅၆၀[2] အလယ်အလတ် · ဆဋ္ဌမ |
ပိတ်ရန်