ဂိုင်ယာနာနိုင်ငံ
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ဂိုင်ယာနာ နိုင်ငံသည်တောင်အမေရိကတိုက်၏ အရှေ့မြောက်ဘက် ကမ်းခြေတွင် တည်ရှိသည်။ အရှေ့မြောက်ဘက် နယ်နိမိတ်သည် အတ္တလန္တိတ် သမုဒ္ဒရာ ဖြစ်သည်။ အနောက်ဘက်တွင် ဗင်နီဇွဲလား နိုင်ငံ၊ တောင်ဘက်တွင် ဘရာဇီးနိုင်ငံနှင့် အရှေ့ဘက်၌ ဆူရာနမ် နိုင်ငံတို့ ရှိသည်။ ယခင်က ဗြိတိသျှ ဂီယာနာဟု ခေါ်သည်။ ဂိုင်ယာနာ သမ္မတနိုင်ငံ၏ အကျယ်အဝန်းသည် စတုရန်း မိုင် ၈၃,ဝဝဝ ရှိ၍ လူဦးရေမှာ ၁၉၇၆ ခုနှစ် သန်းခေါင် စာရင်းအရ ၇၈ဝ,ဝဝဝ ခန့်ဖြစ်သည်။ မြို့တော်မှာ ဂျော့တောင်းမြို့ ဖြစ်သည်။
ဂိုင်ယာနာသမ္မတနိုင်ငံ Cooperative Republic of Guyana | |
---|---|
ဆောင်ပုဒ်: "One People, One Nation, One Destiny" | |
နိုင်ငံတော် သီချင်း: "Dear Land of Guyana, of Rivers and Plains" | |
ဂိုင်ယာနာနိုင်ငံ၏ တည်နေရာ (အစိမ်း) တောင်အမေရိကတိုက် အတွင်း (မီးခိုး) | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဂျော့ရှ်တောင်းမြို့ 6°46′N 58°10′W |
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ် |
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများ | ဒေသခံဘာသာစကား ၁၀ ခု
|
ဒေသတိုင်းရင်းသားဘာသာစကား | Guyanese Creole |
အခြားဘာသာစကားများ | |
လူမျိုးစု (၂၀၁၂) |
|
ကိုးကွယ်မှု |
|
လူမျိုး | Guyanese |
အစိုးရ | ပြည်ထောင်စု အမှုဆောင်သမ္မတနှင့် ပါလီမန်သမ္မတနိုင်ငံစနစ်[1] |
• သမ္မတ | အီဖန်း အလီ |
• ဝန်ကြီးချုပ်/ဒုသမ္မတ (၁) | မက် ဖီးလစ် |
• အမျိုးသားလွှတ်တော်ဥက္ဥဋ္ဌ | မန်ဇောရ် နာဒီယာ |
• တရားသူကြီးချုပ် | ရော့ဆန် ဂျော့-ဝဲလ်ရှိုင်းယား (ယာယီ) |
• အတိုက်အခံခေါင်းဆောင် | ဂျိုးဆက် ဟာမွန် |
ဥပဒေပြုလွှတ်တော် | အမျိုးသားလွှတ်တော် |
တည်ထောင်ခြင်း | |
• ဒတ်ချ် ဂိုင်ယာနာ | ၁၆၆၇–၁၈၁၄ |
• ဗြိတိသျှ ဂိုင်ယာနာ | ၁၈၁၄–၁၉၆၆ |
၁၉၆၆ ခုနှစ် မေ ၂၆ | |
• သမ္မတနိုင်ငံ | ၁၉၇၀ ဖေဖော်ဝါရီ ၂၃ ရက် |
• လက်ရှိဖွဲ့စည်းပုံ | ၁၉၈၀ အောက်တိုဘာ ၆ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၂၁၄,၉၇၀ km2 (၈၃,၀၀၀ sq mi) (အဆင့်: ၈၃) |
• ရေထု (%) | ၈.၄ |
လူဦးရေ | |
• ၂၀၁၉ ခန့်မှန်း | ၇၄၃,၇၀၀[2] (အဆင့် - ၁၆၄) |
• ၂၀၁၂ သန်းခေါင်စာရင်း | ၇၄၇,၈၈၄[3] |
• သိပ်သည်းမှု | ၃.၅၀၂/km2 (၉.၁/sq mi) (အဆင့် - ၂၃၂) |
GDP (PPP) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၁၈.၃၅၇ ဘီလီယံ[4] (အဆင့် - ၁၅၂) |
• Per capita | $၂၃,258၂၅၈[4] (အဆင့် - ၆၄) |
GDP (nominal) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၇.၂၅၅ ဘီလီယံ[4] (အဆင့် - ၁၅၃) |
• Per capita | $၉,၁၉၂[4] (အဆင့် - ၇၄) |
Gini (၂၀၀၇) | ၄၄.၆[5] အလယ် |
HDI (၂၀၁၉) | ၀.၆၈၂[6] အလယ် · ၁၂၂ |
ငွေကြေး | ဂိုင်ယာနာ ဒေါ်လာ (GYD) |
အချိန်ဇုန် | AST (UTC-4) |
ရက်စွဲပုံစံ | dd-mm-yyyy |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၅၉၂ |
Internet TLD | .gy |
ရာသီဥတု မျှတသော နိုင်ငံဖြစ်၍ စိုက်ပျိုးရေး ဖြစ်ထွန်း သည်။ နိုင်ငံ၏ ဝင်ငွေကောင်းကောင်း ရရှိစေသော စပါးနှင့် ကြံကို အဓိကထား၍ စိုက်ပျိုးသည်။ သစ်တောထူထပ်သော နိုင်ငံလည်း ဖြစ်သည်။ ဗောက်ဆိုက် သတ္တုတူးဖော်ရေးသည် အဓိက စက်မှုလုပ်ငန်း ဖြစ်သည်။ ရွှေနှင့် စိန်တို့လည်း တူးဖော်ထုတ်လုပ်သည်။ သတ္တုသိုက်များ ကြွယ်ဝသော နိုင်ငံဖြစ်၍ မတူးဖော် မထုတ်လုပ်ရသေးသော သတ္တုသိုက် အများအပြား ရှိသည်။
လှပသော ရေတံခွန်များကြောင့် ဂိုင်ယာနာနိုင်ငံသည် ကျော်ကြားလေသည်။ ၁၄၉၉ ခုနှစ်ခန့်က စပိန်သင်္ဘောသားများ ဤဒေသသို့ စတင် ရောက်ရှိခဲ့ကြသည်။ ၁၈ ရာစုနှစ်တွင် ယခုဂိုင်ယာနာ နိုင်ငံသည် ဒတ်ခ်ျကိုလိုနီနယ်ပယ် ဖြစ်ခဲ့သည်။
တစ်ဖန် ၁၈၁၄ ခုနှစ်တွင် ဗြိတိသျှတို့က ဒတ်ခ်ျတို့ထံမှ လွဲပြောင်း လက်ခံယူပြီး ၁၈၃၁ ခုနှစ်တွင် ဗြိတိသျှ ဂီယာနာ ကိုလိုနီအဖြစ် ထူထောင်ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး ၁၉၆၆ ခုနှစ် မေလ ၂၆ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ဗြိတိသျှ တို့သည် ကပ္ပလီလူမျိုးများအပြင် အိန္ဒိယလူမျိုးများကိုလည်း ခေါ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။ ယခုအခါ ကပ္ပလီလူမျိုးများထက် အိန္ဒိယအမျိုးသား အဆက် အနွယ်များက လူများစု ဖြစ်နေသည်။
ဗင်နီဇွဲလားနိုင်ငံက ဂိုင်ယာနာနိုင်ငံ၏ အနောက်ဘက် ပိုင်းကို ပိုင်ဆိုင်ပါသည်ဟု အငြင်းပွားနေဆဲ ဖြစ်သည်။ ဆူရာနမ်နိုင်ငံနှင့်လည်း နယ်ခြားပြဿနာများ အငြင်းပွားဆဲ ဖြစ်သည်။
၁၉၇ဝ ပြည့်နှစ်တွင် သမ္မတနိုင်ငံအဖြစ် ထူထောင်ခဲ့ လေသည်။ ဓနသဟာယအဖွဲ့နှင့် ကုလသမဂ္ဂ၌လည်း အဖွဲ့ဝင် အဖြစ် ပါဝင်သော နိုင်ငံဖြစ်သည်။ သမ္မတမှာ မစ္စတာ အာသာချွန်း ဖြစ်သည်။
၁ဝ၇၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အစပြု၍ ဂိုင်ယာနာ သမ္မတနိုင်ငံ အတွင်းရှိ အမေရိကန်ပိုင် မိုင်းတွင်းများကို ပြည်သူပိုင် သိမ်းပိုက်ခဲ့သည်။[7]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.