ဆောမြို့
From Wikipedia, the free encyclopedia
ဆောမြို့ သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ မြို့နယ်၏ ကျယ်ဝန်းသောအပိုင်းမှာ ယောချောင်းမြစ်ဝှမ်းတွင် တည်ရှိ၏။ ဆောမြို့နယ်အတွင်း နေထိုင်ကြသော လူမျိုးများမှာ အများအားဖြင့်ယောလူမျိုးများဖြစ်ကြသော်လည်း၊ ချင်းပုံလူမျိုး နှင့် တောင်သားလူမျိုးများကိုလည်း တွေ့ရှိနိုင်သည်။
ဆောမြို့ စောကလျာမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 21°09′N 94°09′E | |
နိုင်ငံအမည် | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
ခရိုင် | ဂန့်ဂေါ |
မြို့နယ်ရုံးစိုက်ရာမြို့ | ဆောမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
မူလက မြို့ပိုင်ရုံးစိုက်ရာဌာန မဟုတ်ဘဲ၊ လောင်းရှည်မြို့နယ်၏ ရွာကလေးတစ်ရွာမျှသာ ဖြစ်၏။ လောင်းရှည်မြို့သည် ဆောမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင် ရှိ၏။၁၈၉၆ခုနှစ်တွင် ပခုက္ကူခရိုင်နှင့် ကန်ပက်လက်ခရိုင်တို့ကိုစုစည်း၍ ချင်းတောင်စည်းမျဥ်းဥပဒေ ဖြင့်အုပ်ချုပ်သည်။ ဆောမြို့မှ ဧရာဝတီမြစ်ဆိပ်ကမ်းဖြစ်သော ဆိပ်ဖြူမြို့ နှင့် ပခုက္ကူမြို့သို့ ယခင်က နွေရာသီတွင်ကားလမ်းဖြင့် ဆက်သွယ်နိုင်ပြီး ယခု တစ်နှစ်ပါတ်လုံးမော်တော်ကားဖြင့်သွားလာနိုင်သည်။ ၁၂မိုင် ခန့်ကွာဝေးသည့် ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့သို့လည်း ရာသီမရွေး သွားလာနိုင်သောလမ်းရှိသည်။
ဆောမြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၂ဝဝ မျှရှိ၍၊ မြို့၏လူဦးရေမှာ ၁၉၅၃ ခုနှစ် သန်းကောင်စာရင်းအရ ၁၂၇၇ ယောက်မျှ ရှိလေသည်။[1]
၂၀၁၄-ခုနှစ် သန်းကောင်စာရင်းအရ ဆောမြို့၏လူဦးရေမှာ ၄၈၆၂ ဦး (ကျား-၂၂၂၆, မ-၂၆၃၆) ရှိသည်။
ဆောမြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ-၁၀၆၈.၁ (စတုရန်းမိုင်-၄၁၂.၄၀) ကျယ်ဝန်းသည်။ တမြို့နယ်လုံး၏ လူဦးရေမှာ ၃၅၈၃၂ ဦး (ကျား-၁၇၂၀၉, မ-၁၈၆၂၃) ရှိသည်။[2]