ဇိုမီးတော်လှန်ရေးတပ်မတော်
From Wikipedia, the free encyclopedia
ဇိုမီးတော်လှန်ရေးတပ်မတော် (အင်္ဂလိပ်: Zomi Revolutionary Army; အတိုကောက် ZRA) သည် ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ဇိုမီး အမျိုးသားတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် ချူရာချန်ပါခရိုင်အတွင်းရှိ ကူကီးလူမျိုးများနှင့် ပိုက်တဲလူမျိုးများအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ရာမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဇိုမီးတော်လှန်ရေးတပ်မတော်၏ မိခင်အဖွဲ့အစည်းဖြစ်သော ဇိုမီးတော်လှန်ရေးအဖွဲ့ကို ၁၉၉၃ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့သည်။[1]
ဇိုမီးတော်လှန်ရေးတပ်မတော် | |
---|---|
မြန်မာနိုင်ငံရှိ ပြည်တွင်းပဋိပက္ခ နှင့် အိန္ဒိယအရှေ့မြောက်ပိုင်း ပုန်ကန်မှုများတွင် ပါဝင် | |
ဇိုမီးတိုင်းရင်းသားအလံ | |
လှုပ်ရှား | ၁၉၉၇ (၁၉၉၇)–လက်ရှိ |
ခံယူချက် | ဇိုမီးအမျိုးသားရေး ခွဲထွက်ရေး ပိုက်တဲ အခွင့်အရေး |
အဖွဲ့များ | ဇိုမီးတော်လှန်ရေးအဖွဲ့ချုပ် |
ဦးဆောင်သူများ | Thanglianpau Guite Calvin Hatlang Jimmy Suanpu |
ဌာနချုပ် | ချူရာချန်ပါခရိုင်၊ မဏိပူရပြည်နယ်၊ အိန္ဒိယနိုင်ငံ |
လှုပ်ရှားသည့် ဧရိယာ | ဇိုဂမ် |
မဟာမိတ် | Kanglei Yawol Kanna Lup နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ မြန်မာ |
ပြိုင်ဘက် | ဘင်္ဂလားဒေ့ရှ်
|
တိုက်ပွဲနှင့် စစ်ပွဲများ | မြန်မာနိုင်ငံရှိ ပြည်တွင်းပဋိပက္ခ နှင့် အိန္ဒိယအရှေ့မြောက်ပိုင်း ပုန်ကန်မှုများ |
ZRA ၏ ရည်ရွယ်ချက်မှာ ဇိုတိုင်းရင်းသားများ၏ အကျိုးကို ကာကွယ်ရန်နှင့် ဇိုလူမျိုးများအား ပြည်နယ်တစ်ခုတည်းအောက် (ဇိုဂမ်) တွင် ပေါင်းစည်းနိုင်ရန် ဖြစ်သည်။ ဇိုဂမ်သည် အိန္ဒိယနိုင်ငံ (မဏိပူရပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်)၊ မြန်မာနိုင်ငံ (ချင်းပြည်နယ်) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (စစ်တကောင်းတောင်တန်းဒေသ) တို့၏ နယ်နမိတ်များပါဝင်သော ဒေသတစ်ခု ဖြစ်သည်။[1]