အသံထက်မြန်သော တာဝေးပစ် ဒုံးကျည် From Wikipedia, the free encyclopedia
တိုမာဟော့ခ် ဒုံးကျည်သည် ရာသီဥတု အမျိုးမျိုးတွင် အသုံးပြုနိုင်ပြီး အသံထက်နှေးသည့် တာဝေးပစ် ထိန်းချုပ်နိုင်သည့် ဒုံးကျည် တစ်မျိုး ဖြစ်သည်။ ဂျင်နရယ် ဒိုင်းနမစ် မှ ၁၉၇၀ ပြည့်နှစ်များတွင် စတင် မိတ်ဆက်ခဲ့သည့် တိုမာဟော့ခ် ဒုံးကျည်သည် ကုန်းပေါ်ရှိ ဒုံးပစ်စင် သို့မဟုတ် ရေအောက်ရှိ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်ပြီး တာလတ် မှ တာဝေး အထိ အမြင့်ပေ နိမ့်နိမ့်မှ ပျံသန်း ပစ်ခတ်ရန် ရည်ရွယ်၍ ဒီဇိုင်း ပြုလုပ်ထားသည်။ တိုမာဟော့ခ် ဒုံးကျည်ကို အကြိမ်ကြိမ် ပြုပြင်မွမ်းမံ ထုတ်လုပ်ခဲ့ပြီး ကုမ္ပဏီ လက်လွှဲခြင်းနှင့် ပြောင်းရွှေ့ခြင်းတို့ကြောင့် ယခုအခါတွင် ရေသီယွန်မှ ထုတ်လုပ်လျက် ရှိသည်။ အချို့သော တိုမာဟော့ခ် ဒုံးကျည်များကို မက်ဒေါ်နယ် ဒေါက်ဂလပ်စ် မှ ထုတ်လုပ်ပြီး ထိုကုမ္ပဏီကို ယခုအခါ ဘိုးအင်း ကာကွယ်ရေး၊ အာကာသ နှင့် လုံခြုံရေးဟု အမည်တွင်သည်။
တိုမာဟော့ခ် | |
---|---|
A BGM-109 Tomahawk | |
အမျိုးအစား | တာဝေးပစ် ရာသီစုံသုံးနိုင်သော ထိန်းချုပ်နိုင်သည့် ဒုံးကျည် |
မူလထုတ်လုပ်ရာ | အမေရိကန် |
သုံးစွဲမှု မှတ်တမ်း | |
တာဝန်ထမ်းချိန် | ၁၉၈၃ မှ ယနေ့အထိ |
ထုတ်လုပ်မှု မှတ်တမ်း | |
ထုတ်လုပ်သူ | ဂျင်နရယ် ဒိုင်းနမစ် (အစပိုင်း) ရေသီယွန် နှင့် မက်ဒေါ်နယ် ဒေါက်ဂလပ်စ် |
တစ်ခုချင်းတန်ဖိုး | အမေရိကန် ဒေါ်လာ ၁,၀၆၆,၄၆၅ [1] |
အသေးစိတ်အချက်အလက် | |
အလေးချိန် | ၂၉၀၀ ပေါင် |
အလျား | Without booster: ၁ဂပေ ၃လက်မ With booster: ၂၀ပေ ၆လက်မ |
အချင်း | ၂၀.၄ လက်မ |
ထိပ်ဖူး | Conventional: 1,000 lb (450 kg) Bullpup, or submunitions dispenser with BLU-97/B Combined Effects Bomb, or a 200kt (840 Tj) W80 nuclear device (inactivated in accordance with SALT) |
ဖောက်ခွဲမှု စနစ် | FMU-148 since TLAM Block III, others for special applications |
အင်ဂျင် | ဝီလီယမ် အင်တာနေရှင်နယ် F107-WR-402 တာဘိုဖန် TH-dimer လောင်စာဆီကို အသုံးပြုသည် and a solid-fuel rocket booster |
တောင်ပံဖျား အကျယ် | ၈ ပေ ၉ လက်မ |
စစ်ဆင်နိုင်သည့် အကွာအဝေး | ၁၃၅၀ ရေမိုင် |
အရှိန် | အသံထက်နှေးသည် တစ်နာရီ ၅၅၀ မိုင်နှုန်း (၈၈၀ ကီလိုမီတာနှုန်း) |
ထိန်းချုပ်မှု စနစ် | GPS, TERCOM, DSMAC |
ပစ်လွှတ်သည့် ပလက်ဖောင်း | Vertical Launch System (VLS) and horizontal submarine torpedo tubes (known as TTL (torpedo tube launch)) |
တိုမာဟော့ခ် ဒုံးကျည်မိသားစုတွင် အသံထက်နှေးပြီး ဂျက်အင်ဂျင်ဖြင့် ထိန်းချုပ်သော ဒုံးကျည်များပါဝင်ပြီး မြေပြင်ပေါ်ရှိ ပစ်မှတ် အမျိုးမျိုးတို့ကို တိုက်ခိုက်ရန် ဖြစ်သည်။ ဒုံးကျည်ပစ်လွှတ်နိုင်သော ပလက်ဖောင်း အမျိုးမျိုးတို့ကို တပ်ဆင်ခြင်း သုံးသပ်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ရေထဲမှ (သင်္ဘောနှင့် ရေငုပ်သင်္ဘောတို့မှ) ပစ်ခတ်သည့် ပလက်ဖောင်း အမျိုးမျိုးတို့ကိုသာ လက်ရှိ အသုံးပြုလျက် ရှိကြသည်။ တိုမာဟော့ခ်ကို အစိတ်အပိုင်း တစ်ခုခြင်း သီးခြားစီ တပ်ဆင်နိုင်သဖြင့် ထိပ်ဖူးအမျိုးမျိုး၊ ထိန်းချုပ်မှု ပုံစံ အမျိုးမျိုး နှင့် အကွာအဝေး အမျိုးမျိုးတို့ ဖြင့် အသုံးပြုနိုင်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.