ထားဝယ်မြစ်
From Wikipedia, the free encyclopedia
ထားဝယ်မြစ်သည် မြန်မာနိုင်ငံရှိ မြစ်တစ်စင်းဖြစ်ကာ တနင်္သာရီတောင်တန်းများမှ စတင်မြစ်ဖျားခံကာ တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းရှိ ကပ္ပလီပင်လယ်တွင်းသို့ စီးဝင်သည်။ မြစ်၏အဆုံးပိုင်းမှာ မြောက်မှ တောင်သို့ စီးဆင်းပြီး ပင်လယ်တွင်းစီးဝင်ရာနေရာတွင် မြစ်ဝကျယ်ကို ဖြစ်ပေါ်စေသည်။ မြစ်ဝ၏ အနောက်ဘက်ပိုင်းတွင် ကျွန်းငယ်လေးများတည်ရှိသည်။[1]
ထားဝယ်မြို့ သည် ထားဝယ်မြစ်ဝ၏ ၄၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။