ထားဝယ်မြို့
From Wikipedia, the free encyclopedia
ထားဝယ်မြို့ (အင်္ဂလိပ်: Tavoy) သည် မြန်မာပြည်အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ထားဝယ်ခရိုင်နှင့် ထားဝယ်မြို့နယ်များ၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ထားဝယ် မြစ်ဝမှ မိုင် ၃ဝ ခန့်ကွာဝေး၍၊ ထားဝယ်မြစ်၏ လက်ဝဲဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထားဝယ်မြို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးစိုက်ရာမြို့ ဖြစ်သည့်အားလျော်စွာ အစိုးရဌာနအသီးသီး၏ တိုင်းဒေသကြီးရုံး၊ မြူနီစပယ်ရုံး၊ ဆေးရုံကြီး၊ အစိုးရတန်းမြင့်ကျောင်း နှင့် ဈေးရုံများရှိ၍၊ စည်ကားသော မြို့ကြီးတစ်မြို့ဖြစ်သည်။
အချက်တိုများ ထားဝယ်မြို့, နိုင်ငံ ...
ထားဝယ်မြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 14°5′N 98°12′E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | တနင်္သာရီတိုင်းဒေသကြီး |
ခရိုင် | ထားဝယ်ခရိုင် |
မြို့နယ် | ထားဝယ်မြို့နယ် |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၁၂၅,၆၀၅[1] |
• မြို့ပေါ် | ၈၀,၁၁၇ |
• ကျေးရွာ | ၄၅,၄၈၈ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ပိတ်ရန်