အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခု From Wikipedia, the free encyclopedia
ပန်ဆယ်ဗေးနီးယားပြည်နယ်သည် (အင်္ဂလိပ်: Pennsylvania) အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခုဖြစ်ပြီး တရားဝင်အားဖြင့် ပန်ဆယ်ဗေးနီးယား ဓနဿဟာရပြည်နယ် (အင်္ဂလိပ်: Commonwealth of Pennsylvania)ဟူ၍ ခေါ်ဆိုသုံးနှုန်းကြသည်။ ပန်ဆယ်ဗေးနီးယားသည် အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းနှင့် အလယ်အတ္တလန္တိတ်ဒေသများတွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်ပြီး ဒယ်လာဝဲယားပြည်နယ်နှင့် မေရီလန်းပြည်နယ်တို့နှင့် တောင်ဘက်တွင် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး အနောက်ဗာဂျီးနီးယားပြည်နယ်နှင့် အနောက်တောက်ဖက်၊ အိုဟိုင်းယိုးပြည်နယ်နှင့် အနောက်ဘက်၊ နယူးယောက်ပြည်နယ်နှင့် ကနေဒါနိုင်ငံ အွန်တေရီအို ဒေသတို့နှင့် မြောက်ဘက်၊ နယူးဂျာစီပြည်နယ်နှင့် အရှေ့ဘက်တို့တွင် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ ပြည်နယ်အတွင်းရှိ လူဦးရေအများဆုံးမြို့များမှာ ဖီလာဒဲလ်ဖီးယားမြို့၊ ပစ်ဘတ်ခ်မြို့၊ အဲလန်တောင်းမြို့နှင့် အဲရီးမြို့တို့ ဖြစ်ကြသည်။ ပြည်နယ်၏ မြို့တော်မှာ ဟဲရစ်စ်ဘတ်ခ်မြို့ဖြစ်သည်။
ပန်ဆယ်ဗေးနီးယားပြည်နယ် | |||
---|---|---|---|
| |||
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ပန်ဆယ်ဗေးနီးယားပြည်နယ် အားအရောင်ခြယ်ပြထား | |||
နိုင်ငံ | အမေရိကန်ပြည်ထောင်စု | ||
Before statehood | ပန်ဆယ်ဗေးနီးယားနယ်မြေ | ||
ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း | ၁၇၈၇ ဒီဇင်ဘာလ ၁၂ရက် (2nd) | ||
အကြီးဆုံးမြို့ | ဖီလာဒဲလ်ဖီးယားမြို့ | ||
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများ | ဒဲလာဝဲယားတောင်ကြား | ||
အစိုးရ | |||
• ပြည်နယ်အုပ်ချုပ်ရေးမှူး | အက်ဒဝပ် ဂျီ ရန်းဒဲလ် | ||
• လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး | ဂျိုးဆက်ပ် စကာနာတီ ၃ | ||
လူဦးရေ | |||
• စုစုပေါင်း | ၁၂,၆၀၄,၇၆၇ (၂၀၀၉ ခန့်မှန်းခြေ)[1] | ||
• သိပ်သည်းမှု | ၂၇၄.၀၂/sq mi (၁၀၅.၈၀/km၂) | ||
• ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေ | အမေရိကန်ဒေါ်လာ ၄၈,၅၆၂ | ||
• ဝင်ငွေအဆင့် | ၂၆ ခုမြောက် | ||
ဘာသာစကား | |||
• ရုံးသုံးဘာသာစကား | မရှိ (ဒီဖက်တို အင်္ဂလိပ်) | ||
• ပြောဆိုသော ဘာသာစကား | အင်္ဂလိပ်ဘာသာ ၉၀.၇% စပိန်ဘာသာ 3.1% [2] ပန်ဆယ်ဗေးနီးယန်း-ဂျာမန်ဘာသာ | ||
လတ္တီကျူ | 39°43′ N to 42°16′ N | ||
လောင်ဂျီကျူ | 74°41′ W to 80°31′ W |
အလံ | |
---|---|
တံဆိပ် | |
အက | Polka |
နို့တိုက်သတ္တဝါ | White-tailed deer |
ငှက် | Ruffed grouse |
ငါး | Brook trout |
အင်းဆက် | Firefly (Colloquially "Lightning Bug") (Photuris pensylvanica) |
ပန်း | Mountain laurel |
သစ်ပင် | Eastern hemlock |
အစားအစာ | Chocolate Chip Cookie[3] |
သောက်စရာ | နို့ |
ကျောက်ဖြစ်ရုပ်ကြွင်း | Trilobite |
ပန်ဆယ်ဗေးနီးယားပြည်နယ်သည် အဲရီရေကန်၏ နံဘေးတလျှောက်တွင် (၅၁)မိုင်မျှ ရှည်လျှားသော ကုန်းတွင်းပိုင်း ကမ်းရိုးတန်း တည်ရှိပြီး ဒယ်လာဝဲယား မြစ်ဝတလျှောက်တွင် (၅၂) မိုင်မျှ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.