နေအဖွဲ့အစည်းအပြင်ဘက်ကိုလေ့လာရန် နာဆာမှ ၁၉၇၃ တွင်စေလွှတ်ခဲ့သော စူးစမ်းရေးစက်ရုပ်ယာဉ် From Wikipedia, the free encyclopedia
ပိုင်အိုနီးယား ၁၁ သည် ဥက္ကာခါးပတ်၊ ဂျူပီတာဂြိုဟ်၊ စနေဂြိုဟ်၊ solar wind နှင့် ကော့မစ်ရောင်ခြည်များအနားရှိ ပတ်ဝန်းကျင်များကို လေ့လာရန် အမေရိကန်ပြည်ထောင်စု၊ နာဆာမှ ၁၉၇၃ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် လွှတ်တင်ခဲ့သော အာကာသယာဉ်ဖြစ်သည်။ ယင်းသည် ဂျူပီတာဂြိုဟ်နှင့် စနေဂြိုဟ်အနား ဖြတ်ပျံသန်းခဲ့ပြီး နောက်ပိုင်းတွင် နေအဖွဲ့အစည်းပြင်ပသို့ ထွက်ခွာသွားသော ဒုတိယမြောက် လူလုပ်အရာဝတ္ထုတစ်ခု ဖြစ်လာခဲ့သည်။ အာကာသယာဉ်နှင့် အလွန်ဝေးကွားသောအခြေနေကြောင့် ပိုင်အိုနီးယား ၁၁ နှင့် နောက်ဆုံးအကြိမ် အဆက်အသွယ်ရခဲ့သည်မှာ ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ဖြစ်ပြီး နောက်ဆုံး ကောင်းမွန်သော အင်ဂျင်နီယာဆိုင်ရာ ဒေတာအချက်အလက် ရရှိခဲ့သည်မှာ ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင်ဖြစ်သည်။[1][2]
An artist's impression of a Pioneer spacecraft on its way to interstellar space. | |||||
မက်ရှင်အမျိုးအစား | Planetary and heliosphere exploration | ||||
---|---|---|---|---|---|
အော်ပရေတာ | NASA / ARC | ||||
COSPAR အိုင်ဒီ | 1973-019A | ||||
ဂြိုလ်တု ကတ်သလောက်နံပါတ် | 6421 | ||||
ဝဒ်ဆိုဒ် | Pioneer Project website(archived) NASA Archive page | ||||
မက်ရှင်ကြာမြင့်ချိန် | 22 years, 5 months, 25 days | ||||
အာကာသယာဉ် ဂုဏ်သတ္တိများ | |||||
ထုတ်လုပ်သူ | TRW | ||||
ပစ်လွှတ် ထုထည် | ၂၆၀ ကီလိုဂရမ် (၅၇၀ ပေါင်) | ||||
ပါဝါ | 155 watts (at launch) | ||||
မက်ရှင် စတင်ခြင်း | |||||
ပစ်လွှတ်နေ့ | April 5, 1973, 02:11:00 UTC | ||||
ဒုံးပျံ | Atlas SLV-3D Centaur-D1A Star-37E | ||||
ပစ်လွှတ်နေရာ | Cape Canaveral LC-36B | ||||
မက်ရှင် ပြီးဆုံး | |||||
နောက်ဆုံး ဆက်သွယ်မှု | September 30, 1995 | ||||
ဂျူပီတာဂြိုဟ်ကို ဖြတ်၍ပျံသန်း | |||||
အနီးဆုံး ချဉ်းကပ်မှု | December 3, 1974 | ||||
အကွာအဝေး | ၄၃,၀၀၀ ကီလိုမီတာ (၂၇,၀၀၀ မိုင်) | ||||
စနေဂြိုဟ်ကို ဖြတ်၍ပျံသန်း | |||||
အနီးဆုံး ချဉ်းကပ်မှု | September 1, 1979 | ||||
အကွာအဝေး | ၂၁,၀၀၀ ကီလိုမီတာ (၁၃,၀၀၀ မိုင်) | ||||
|
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အရ ပိုင်အိုနီးယား ၁၁ သည် နေကို တူရုပြု၍ ၁၁.၂၄၁ km/s (၄၀,၄၇၀ km/h; ၂၅,၁၅၀ mph) နှုန်းဖြင့် နေအဖွဲ့အစည်းအပြင်ဘက်သို့ တစ်နှစ်လျင် ၂.၃၇ AU ထွက်ခွာလျက်ရှိပြီး ကမ္ဘာမြေမှ ၁၀၀.၈၄ AU (၁.၅၀၈၅×၁၀၁၀ km; ၉.၃၇၄×၁၀၉ mi) အကွာအဝေးတွင် ရောက်ရှိနေခဲ့သည်။ [3] အာကာသယာဉ်သည် လက်ရှိနေရာအနီးတွင် (၂၀၁၇ ခုနှစ်) စကူးတန် ကြယ်စုတန်းသို့ ဦးတည်လျက်ရှိသည်။ နောင်နှစ်ပေါင်း ၉၂၈,၀၀၀ ကြာလျင် TYC 992-192-1 ဟုခေါ်သော ကြယ်အနီးရှိ ၀.၂၅pc အတွင်း ရောက်ရှိပေလိမ့်မည်။[4]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.