ဘူရွန်ဒီနိုင်ငံ
From Wikipedia, the free encyclopedia
တရားဝင်အမည်အားဖြင့် ဘူရွန်ဒီသမ္မတနိုင်ငံ ဖြစ်သော ဘူရွန်ဒီနိုင်ငံသည် အရှေ့အာဖရိကရှိ အာဖရိကမဟာရေကန်ကြီးများ ဒေသတွင်းရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်သည်။ မြောက်ဘက်တွင် ရဝမ်ဒါနိုင်ငံ၊ အရှေ့ဘက်နှင့်တောင်ဘက်တွင် တန်ဇေးနီးယားနိုင်ငံ၊ အနောက်ဘက်တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ဧရိယာစတုရန်းကီလိုမီတာပေါင်း (၂၈,၀၀၀) အောက်သာရှိပြီး လူဦးရေမှာ ၈,၇၀၀,၀၀ ခန့ရှိသည်။ မြို့တော်မှာ ဘူဂျမ်ဘူရာ ဖြစ်သည်။ အနောက်တောင်ဘက်တွင် တန်ဂန်ညီကာ (Lake Tanganyika) ရေကန်ကြီးနှင့် ထိစပ်နေသည်။
ဘူရွန်ဒီ သမ္မတနိုင်ငံ
| |
---|---|
ဆောင်ပုဒ်:
| |
နိုင်ငံတော် သီချင်း: Burundi Bwacu (ရွန်ဒီ) Our Burundi | |
မြို့တော် | ဂီတေးဂါမြို့ (နိုင်ငံရေး) ဘူဂျွမ်ဘူရာမြို့(စီးပွားရေး)[မှတ်စု 1] |
အကြီးဆုံးမြို့ | ဘူဂျွမ်ဘူရာမြို့[မှတ်စု 1] |
ရုံးသုံးဘာသာစကားများ | Kirundi (နိုင်ငံတော်ဘာသာစကား) ပြင်သစ် အင်္ဂလိပ် |
လူမျိုးစု (၂၀၁၈[1]) | |
ကိုးကွယ်မှု |
|
Demonym | Burundian |
အစိုးရ | ပြည်ထောင်စု ကြီးစိုးပါတီ သမ္မတ သမ္မတနိုင်ငံစနစ် |
• သမ္မတ | Évariste Ndayishimiye |
• ဒုသမ္မတ | Prosper Bazombanza |
• ဝန်ကြီးချုပ် | Alain-Guillaume Bunyoni |
• တရားသူကြီးချုပ် | Emmanuel Gateretse [2] |
ဥပဒေပြုလွှတ်တော် | ပါလီမန် |
ဆီးနိတ်လွှတ်တော် | |
အမျိုးသားလွှတ်တော် | |
တည်ထောင်ခြင်းသမိုင်း | |
၁၆၈၀ | |
၁၉၄၅–၁၉၆၂ | |
• ဘယ်လ်ဂျီယမ်နိုင်ငံမှ လွတ်လပ်ရေးရ | ၁၉၆၂ ခုနှစ် ဇူလိုင်လ ၁ ရက် |
• သမ္မတနိုင်ငံ | ၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက် |
• ဘူရွန်ဒီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ | ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၂၇,၈၃၄ km2 (၁၀,၇၄၇ sq mi)[4] (အဆင့်: ၁၄၂) |
• ရေထု (%) | ၁၀[5] |
လူဦးရေ | |
• ၂၀၂၀ ခန့်မှန်း | ၁၁,၈၆၅,၈၂၁[6] (အဆင့် - ၇၇) |
• ၂၀၀၈ သန်းခေါင်စာရင်း | ၈,၀၅၃,၅၇၄[4] |
• သိပ်သည်းမှု | ၄၀၁.၆/km2 (၁,၀၄၀.၁/sq mi) (အဆင့် - ၂၀) |
GDP (PPP) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၈.၃၈၀ ဘီလီယံ |
• Per capita | $၇၂၇[7] |
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၃.၅၇၃ ဘီလီယံ |
• Per capita | $၃၁၀[7] |
Gini (၂၀၁၃) | ၃၉.၂[8] အလယ် |
HDI (၂၀၁၉) | ၀.၄၃၃[9] နိမ့် · ၁၈၅ |
ငွေကြေး | ဘူရွန်ဒီ ဖရန့် (FBu) (BIF) |
အချိန်ဇုန် | CAT (UTC+2) |
ရက်စွဲပုံစံ | dd/mm/yyyy |
ယာဉ်ကြောစနစ် | ညာ |
တယ်လီဖုန်းကုဒ် | +၂၅၇ |
Internet TLD | .bi |
တွာလူမျိုး၊ တွတ်ဆီလူမျိုး နှင့် ဟူတူလူမျိုး တို့သည် လွန်ခဲ့သော (၅)ရာစုနှစ်ကပင် ယင်းဒေသတွင် လာရောက်အခြေချနေထိုင်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀) ကျော်မှစ၍ ဘူရွန်ဒီနိုင်ငံကို တွတ်ဆီလူမျိုးစုတို့က ဘုရင့်နိုင်ငံအဖြစ် အုပ်ချုပ်လာခဲ့သည်။ ၂၀ရာစုအစောပိုင်းတွင် ဂျာမနီနှင့် ဘယ်လ်ဂျီယမ်တို့က ယင်းနိုင်ငံကို သိမ်းပိုက်ခဲ့ကြသည်။ ဘူရွန်ဒီနှင့် ရဝမ်ဒါ နှစ်နိုင်ငံကို (Ruanda-Urundi) အဖြစ် ပေါင်းပြီး ဥရောပသားတို့က ကိုလိုနီနယ်ပြုလုပ်ခဲ့သည်။
တွတ်ဆီလူမျိုးစုနှင့် ဟူတူလူမျိုးစုတို့ကြား လူမှုရေး မတူညီမှုများကြောင့် နိုင်ငံရေးမငြိမ်သက်မှုများ ဖြစ်ပွားခဲ့သည်။ ၂၀ရာစုနှစ်အလယ်ပိုင်းတစ်လျှောက်လုံး လူမျိုးရေးပဋိပက္ခကြောင့် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရသည်။ သမ္မတအုပ်ချုပ်သော ဒီမိုကရေစီသမ္မတနိုင်ငံဖြစ်သည်။ ၆၂%ခန့်မှာ ရိုမန်ကက်သလစ် ဘာသာဝင်များဖြစ်သည်။ (၈-၁၀%)မှာ မူဆလင်များဖြစ်ပြီး ကျန်လူများမှာ ရိုးရာနတ်ကိုးကွယ်သူများနှင့် အခြားခရစ်ယန်ဘာသာဝင်များဖြစ်ကြသည်။
ဘူရွန်ဒီသည် ကမ္ဘာ့အဆင်းရဲဆုံး (၁၀)နိုင်ငံတွင် တစ်ခုအပါအဝင်ဖြစ်သည်။ လူတစ်ဦးချင်းတစ်နှစ်တာဝင်ငွေမှာ ကမ္ာ့နိုင်ငံများအားလုံးတွင် အနိမ့်ဆုံးဖြစ်သည်။ [10] ပြည်တွင်းစစ်၊ အကျင့်ပျက်မှုများ၊ လာဘ်စားမှုများ၊ ပညာရေးနိမ့်ကျခြင်းများနှင့် အေအိုင်ဒီအက်စ်ရောဂါ တို့ကြောင့် ကုန်ထုတ်စွမ်းအားများ ကျဆင်းနေလျက် ရှိသည်။ လူနေသိပ်သည်းထူထပ်သည်။ ကိုဘော့နှင့် ကြေးနီမှာ အဓိကတွင်းထွက်ဖြစ်သည်။ အခြားထွက်ကုန်များမှာ ကော်ဖီနှင့် သကြားဖြစ်သည်။