မဘိမ်းမြို့
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ မြို့ / From Wikipedia, the free encyclopedia
မဘိမ်းမြို့ သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ မြို့တစ်မြို့ဖြစ်သည်။ ယင်းသည် ရွှေလီမြစ်၊ မိုးမိတ်နှင့် ကချင်ပြည်နယ်ရှိ ဗန်းမော်တို့ဖြင့် ကုန်းလမ်းဆက်သွယ်ထားသည်။[1][2] မဘိမ်းမြို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် ၉၀ ကီလိုမီတာခန့်သာ ကွာဝေးပြီး မြောက်ဘက်၌ မန္တလေးမြို့နှင့် ကီလိုမီတာ ၂၀၀ ကွာဝေးသည်။[3] မဘိမ်းမြို့သည် ရွှေလီမြစ်ဝှမ်းတွင် ဆန်စပါးအထွက်ကောင်းသော နယ်မြေဖြစ်သည်။[4]
အချက်တိုများ မဘိမ်းမြို့, နိုင်ငံ ...
မဘိမ်းမြို့ | |
---|---|
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 23°29′0″N 96°37′0″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်းပြည်နယ် |
ခရိုင် | မိုးမိတ်ခရိုင် |
မြို့နယ် | မဘိမ်းမြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ပိတ်ရန်
မြန်မာပြည်တွင်းစစ်ကာလ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်က မဘိမ်းမြို့အား တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။[5]