မာလဝီနိုင်ငံ
From Wikipedia, the free encyclopedia
မာလဝီသမ္မတနိုင်ငံသည် အာဖရိက တိုက် အရှေ့တောင်ပိုင်းတွင် ရှိသော ကုန်းတွင်းပိတ် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယခင်က ညာဆာပြည်ဟု ခေါ်ကြသည်။ အနောက်မြောက်ဘက်တွင် ဇမ်ဘီယာနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တန်ဇေးနီးယားနိုင်ငံ၊ အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက် တို့တွင် မိုဇမ်ဘစ်နိုင်ငံ တို့က ဝန်းရံလျက် ရှိသည်။ တန်ဇန်နီးယားနှင့် မိုဇမ်ဘစ်နိုင်ငံတို့၏ နယ်စပ်ကို မာလဝီကန် ဖြင့် ပိုင်းခြားထားသည်။ ဧရိယာစတုရန်းမိုင်ပေါင်း ၄၅,၅၆၀ စတုရန်းမိုင် (၁၁၈,၀၀ စတုရန်း ကီလိုမီတာ) မျှ ရှိပြီး ခန့်မှန်းခြေအားဖြင့် လူဦးရေ ၁၃,၉၀၀,၀၀၀ ဦး ရှိသည်။ မြို့တော်မှာ လီလောင်းဝီမြို့ ဖြစ်သည်။ မာလဝီဆိုသော အမည်သည် မာရဗီ ဟူသော အခေါ်အဝေါ်မှ ဆင်းသက်လာပြီး ယခင်က ထိုဒေသတွင် နေထိုင်သော ညန်ဂျာလူမျိုးတို့ကို ခေါ်ဆိုသော အမည်အဟောင်း ဖြစ်သည်။ မာလဝီနိုင်ငံကို အာဖရိက၏ နွေးထွေးသော အသည်းနှလုံး ဟုလည်း ခေါ်ဝေါ်ကြသည်။
မာလဝီ သမ္မတနိုင်ငံ Dziko la Malaŵi (Chichewa) Charu cha Malaŵi (Chitumbuka) | |
---|---|
ဆောင်ပုဒ်: "Unity and Freedom" | |
အာဖရိကတိုက် အရှေ့တောင်၌ မာလဝီနိုင်ငံ(အစိမ်းရင့်) တည်ရှိသည်။ | |
မြို့တော် နှင့် အကြီးဆုံးမြို့ | လီလွန်ဂွေးမြို့ 13°57′S 33°42′E |
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ် ချေဝါ |
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများ | |
လူမျိုးစု (2018 Census[2]) | |
ကိုးကွယ်မှု |
|
Demonym | Malawian |
အစိုးရ | ပြည်ထောင်စု သမ္မတ သမ္မတနိုင်ငံစနစ် |
• သမ္မတ | Lazarus McCarthy Chakwera |
• ဒုသမ္မတ | Saulos Klaus Chilima |
• အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ | Catherine Gotani Hara |
Andrew K.C. Nyirenda | |
ဥပဒေပြုလွှတ်တော် | အမျိုးသားလွှတ်တော် |
သမိုင်း | |
• ယူနိုက်တက် ကင်းဒမ်းမှ လွတ်လပ်ရေးရ | ၁၉၆၄ ခုနှစ် ဇူလိုင်လ ၆ ရက် |
• သမ္မတနိုင်ငံ | ၁၉၆၆ ခုနှစ် ဇူလိုင်လ ၆ ရက် |
• လက်ရှိဖွဲ့စည်းပုံဥပဒေ | ၁၉၉၄ ခုနှစ် မေလ ၁၈ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၁၁၈,၄၈၄ km2 (၄၅,၇၄၇ sq mi) (အဆင့်: ၉၈) |
• ရေထု (%) | ၂၀.၆% |
လူဦးရေ | |
• ၂၀၂၀ ခန့်မှန်း | 19,129,952[3] (အဆင့် - ၆၂) |
• ၂၀၁၈ သန်းခေါင်စာရင်း | ၁၇,၅၆၃,၇၄၉[2] |
• သိပ်သည်းမှု | ၁၅၃.၁/km2 (၃၉၆.၅/sq mi) (အဆင့် - ၅၆) |
GDP (PPP) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၂၅.၀၃၇ ဘီလီယံ |
• Per capita | $၁,၂၃၄[4] |
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၇.၄၃၆ ဘီလီယံ |
• Per capita | $၃၆၇[4] |
Gini (၂၀၁၆) | ၄၄.၇[5] အလယ် |
HDI (၂၀၁၉) | ၀.၄၈၃[6] နိမ့် · ၁၇၄ |
ငွေကြေး | မာလဝီ ကွာချာ (D) (MWK) |
အချိန်ဇုန် | CAT (UTC+2) |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၂၆၅[7] |
Internet TLD | .mw[7] |
* Population estimates for this country explicitly take into account the effects of excess mortality due to AIDS; this can result in lower life expectancy, higher infant mortality and death rates, lower population and growth rates, and changes in the distribution of population by age and sex than would otherwise be expected.
|