မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်း / From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကို ၁၉၆၄ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်တွင် ပြည်သူ့ရဲတပ်ဖွဲ့ အမည်ဖြင့် လွတ်လပ်သော အဖွဲ့တစ်ခုအနေဖြင့် စတင်တည်ထောင်ခဲ့သည်။ ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံပြင်ဆင်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ တပ်မတော်၏ အစိတ်အပိုင်း ဖြစ်လာခဲ့သည်။ ယူနီဖောင်းမှာ ယခင်က ကာကီရောင်ဖြစ်သော်လည်း ၂၀၀၄ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့မှစ၍ နက်ပြာရောင်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။
အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, ရဲတပ်ဖွဲ့ အကျဉ်းချုပ် ...
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တံဆိပ် | |
အမှတ်တံဆိပ် | |
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အလံတော် | |
ရဲတပ်ဖွဲ့ အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၁၉၆၄ ခုနှစ် |
ယခင်အဖွဲ့အစည်း | ပြည်သူ့ရဲတပ်ဖွဲ့ |
အဖွဲ့အစည်းအမျိုးအစား | တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်း |
ဌာနချုပ် | ရဲချုပ်ရုံး၊ နေပြည်တော် |
ဝန်ထမ်းဦးရေ | ၉၃,၀၀၀ |
ဌာနအကြီးအမှူးများ | ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်[1]၊ ရဲချုပ် ရဲဗိုလ်ချုပ် ဝင်းဇော်မိုး [2]၊ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ဒုတိယရဲချုပ်(၂) |
မိခင်အဖွဲ့အစည်း | ပြည်ထဲရေး ဝန်ကြီးဌာန |
ဝက်ဘ်ဆိုက် | policeforce.gov.mm |
ပိတ်ရန်