ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် သည် အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်သည်။[3]ယခင်က ပြည်ထဲရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ရဲချုပ် အဖြစ်လည်း ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။[4][5][6]

အချက်တိုများ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်, အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး ...
ဒုတိယဗိုလ်ချုပ်ကြီး

နီလင်းအောင်
အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၄ ဩဂုတ် ၂၀၂၄
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၂၁ ဇူလိုင် ၂၀၂၃  ၃ ဩဂုတ် ၂၀၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဗိုလ်ချုပ်ဇင်မင်းထက်
ရဲချုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့
တာဝန်သက်တမ်း
၂၁ ဇူလိုင် ၂၀၂၃  ၃ ဩဂုတ် ၂၀၂၄
ယခင်လူဗိုလ်ချုပ်ဇင်မင်းထက်
ဆက်ခံသူဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး[1]
တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး
တာဝန်သက်တမ်း
၂၀၂၂  ၂၀၂၃
ယခင်လူဗိုလ်ချုပ် မျိုးမင်းထွန်း
ဆက်ခံသူဗိုလ်ချုပ်အောင်ခိုင်ဝင်း [2]
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါ်လဲ့လဲ့မာ
သားသမီး
မိခင်ကျောင်းစစ်တက္ကသိုလ် အမှတ်စဉ်(၃၇)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ကြည်း)
ရာထူးဒုတိယဗိုလ်ချုပ်ကြီး
ပိတ်ရန်

စစ်မှုထမ်းခြင်း

ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်သည် စစ်တက္ကသိုလ်အပါတ်စဉ် ၃၇ ဆင်းဖြစ်သည်။သူသည် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မဖြစ်ခင် တပ်မတော်တွင် တိုင်းမှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။နောက်ဆုံး တာဝန်မှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်သည်။ယင်းမတိုင်ခင်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရာထူးကို ၂၀၂၃ ဇူလိုင်လ တွင်မှ ရရှိလာခြင်းဖြစ်သည်။[7] [8][9][10] သူသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ တွင် ပြည်ထဲရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး တာဝန် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် တာဝန် အပ်နှင်းခံရသည်။၂၀၂၄ ခုနှစ် ဩဂုတ် လ ၃ရက်နေ့တွင် ၎င်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  ထိုတာဝန်များမှနေ၍ စစ်ဘက်မူလတာဝန်ပြန်လည်ထမ်းဆောင်စေခဲ့သည်။

အရေးယူပိတ်ဆို့ခံရမှု

၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးဖြစ်ပွားခဲ့သော အရပ်သား ၃၅ယောက်သတ်ဖြတ်ခဲ့ရမှုတွင် အဓိက တာဝန်ရှိသူအဖြစ် စွပ်စွဲခံထားရပြီး ယင်းကိစ္စနှင့် ပတ်သတ်ပြီး အမေရိကန်ပြည်ထောင်စုက ၎င်းကို အရေးယူပိတ်ဆို့ထားသည်။[11][12][13][14][15]

မိသားစုဘဝ

ဇနီးဖြစ်သူမှာ ဒေါ်လဲ့လဲ့မာ ဖြစ်ပြီး သားသမီး ၂ဦးရှိသည်။[16]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.