ယူကလစ်တပ်ပင်
From Wikipedia, the free encyclopedia
ယူကလစ်တပ်ပင်ကို ငှက်ခြောက်ပင်ဟူ၍လည်း ခေါ်ကြသည်။ ထိုအပင်သည် မာတဲမျိုး ရင်းဝင်ဖြစ်၍ မျိုးစိတ်ပေါင်း ၃၅ဝ မကရှိသည်။ အချို့ယူကလစ်တပ်ပင်များသည် ကြီးမား၍ အချို့ မှာ ချုံပင် မျှသာ ဖြစ်သည်။ များသောအားဖြင့် ပေ ၆ဝ- ၇ဝ ခန့်မြင့်တတ်ရာ တစ်ပင်မှာ ပေ ၄၈ဝ အထိပင် မြင့်သည်ဟု ဆိုလေသည်။ အကိုင်းအခက်များကင်း၍ ပင်စည်ဖြောင့်မတ် ပြီးလျှင် အနားချောသော အရွက်စိမ်း ကြီးများရှိသည့် ထို မြင့်မားသော အပင်ကြီးများကို ကြည့်ရသည်မှာ ထူးခြားသော မြင်ကွင်းတစ်ရပ် ဖြစ်လေသည်။
ယူကလစ်တပ်ပင် | |
---|---|
Buds, capsules, flowers and foliage of E. tereticornis | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Myrtales |
မျိုးရင်း: | Myrtaceae |
မျိုးရင်းသေး: | Myrtoideae |
မျိုးဇာတ်: | Eucalypteae |
မျိုးစု: | Eucalyptus L'Hér.[1] |
အမျိုးအစား မျိုးစိတ် | |
Eucalyptus obliqua | |
မျိုးစိတ် | |
Natural range | |
Synonyms[1] | |
|
ထိုမြင့်မား၍ ခံနိုင်ရည်ရှိပြီးလျှင် အရွက်ပေါများသည့် ယူကလစ်တပ်ပင်သည် ဩစတြေီးလီးယားတိုက်နှင့် တက်စ မေးနီးယားကျွန်းတွင် မူရင်းဒေသအဖြစ် ပေါက်ရောက်သည်။ ထိုမှတစ်ဆင့် ဥရောပတိုက်၊ အယ်လဂျီး ရီးယား၊ အီဂျစ်၊ အိန္ဒိယ၊ တောင်အမေရိကတိုက်နှင့် အမေရိကန် ပြည်ထောင်စု တို့သို့ ယူဆောင်စိုက်ပျိုးကြလေသည်။ ယူကလစ်တပ်ပင်သည် ဖာရင်ဟိုက်အပူချိန် ၂၂ ဒီဂရီထက် တာရှည်အောက်မကျသော နေရာများတွင် ဖြစ်ထွန်းသည်ကို တွေ့ရသည်။ သို့သော် ရေခဲ သည့် အပူချိန်အောက်ထိ အေးသောဒေသတွင်လည်း တည်တံ့ နိုင်သည့် ယူကလစ်တပ်ပင်မျိုးစိတ်တစ်ခု ရှိသေးကြောင်းကို သတိပြုသင့်ပေသည်။
ယူကလစ်တပ်ပင်သည် ရေငွေ့အမြောက်အမြားကို အလိုရှိ သဖြင့် ငှက်ဖျားပေါများရာဒေသများရှိ စိမ့်များ အနီးတွင် စိုက်ပျိုးလေ့ရှိကြသည်။ ထိုသို့ စိုက်ပျိုးခြင်းအားဖြင့် ခြင်ကောင် ပေါများသော စိမ့်များမှ ရေများကို အလိုအလျောက် ခန်း ခြောက်တွေ့သွားစေသည်။ အမေရိကန်ပြည်ထောင်စု ကာလီ ဖိုးနီးယားပြည်နယ်တွင် ယူကလစ်တပ်ပင်များကို မျိုးစိတ်ပေါင်း ၇ဝ ထိ စိုက်ပျိုးထားသည်။ ထိုသို့ စိုက်ပျိုးထားရာတွင် အချို့ မှာ အလှအပအတွက်ဖြစ်၍ အချို့မှာမူ အသုံးချရန်ဖြစ်သည်။
တစ်ခါတစ်ရံတွင် ယူကလစ်တပ်ပင်များကို လိမ္မော်နှင့် ရှောက် ပင်များကို လေတိုက်ခတ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ ထို့ပြင် လမ်းဘေးတွင်လည်း အရိပ်ရစေရန်အတွက် စိုက်ပျိုးထားတတ် ကြသည်။
ယူကလစ်တပ်ပင်သည် ဩစတြေီးယားတိုက်တွင် လွန်စွာ အရေးကြီးသည်။ ထိုတိုက်ရှိ အချို့ ယူကလစ် တပ်ပင်များသည် မဟောဂနီကဲ့သို့ နီနေသည်၊ ယူကလစ်တပ်ပင်၏ အသားကို ပိုးများမဖောက်နိုင်သဖြင့် သင်္ဘောများ ဆောက်လုပ်ရာတွင် ထိုအပင်၏ အသားထက်ပို၍ ကောင်းမွန်သော အသားများ မရှိချေ။ ကြေးနန်းကြိုးများ သွယ်တန်းရန်တိုင်များနှင့် ဝင်းခြံ တိုက်များအဖြစ်လည်း အသုံးပြုကြလေသည်။
ထို့ပြင် ယူကလစ်တပ်ပင်၏ အသားကို အရောင်တင်နိုင် သဖြင့် ထိုအသားဖြင့် အိမ်ထောင် ပရိဘောဂများ ကိုလည်း ပြုလုပ်လေ့ရှိကြသည်။ အချို့ ယူကလစ်တပ်ပင်မျိုးစိတ်၏ အခေါက်များကို သားရေနယ်ရာတွင် အသုံးပြုကြသည်။ အချို့ မျိုးစိတ်၏ အခေါက်များမှ ကြိုးကျစ်ရန် အမျှင်များကို ရရှိ သည်။ ထိုအမျှင်များကို စက္ကူပြုလုပ်ရာ၌လည်းကောင်း၊ အိမ် အမိုးများ မိုးရာ၌လည်းကောင်း အသုံးပြုလေ့ရှိကြသည်။
ယူကလစ်တပ်ပင်၏ အရွက်များတွင် အဖိုးတန်သည့် အဆီ ပါရှိသည်။ ထိုအဆီ၏ အနံ့သည် ပရုတ်နံ့နှင့်တူသည်။ ထို အဆီကို အပုပ်နိုင်ဆေး (အနာမယဉ်းဆေး)၊ အနံ့ဖျက်ဆေးနှင့် အားကြွဆေးများအဖြစ် အသုံးပြုနိုင်သည်။ ထို့ပြင် အဆုတ်နာ၊ လည်ချောင်းနာအတွက်နှင့် အနာများကို စည်းပေးရာတွင်လည်း အသုံးပြုနိုင်သည်။
ယူကလစ်တပ်ပင်၏ အပွင့်များသည် ငယ်၍ ဖြူကြသည်။ ဘောလုံးကလေးများနှင့် ဆင်တူသည်။ အတွင်း၌ ဝတ်ရည်များ ရှိသည်။ ထိုမှတစ်ဆင့် ခွက်နှင့်တူသော အသီးအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုအသီးကလေးများအတွင်း၌ အစေ့ ကလေးများ ရှိသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ ရှမ်းကုန်းပြင်မြင့်တွင် ယူကလစ် တပ်ပင် အနည်းအကျဉ်း ပေါက်သည်ကို တွေ့ရသည်။[2]