ရေနံချောင်းမြို့
မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီးရှိ မြို့ / From Wikipedia, the free encyclopedia
ရေနံချောင်းမြို့ သည်မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည့်အပြင် ကိုလိုနီခေတ်နှင့်လွတ်လပ်ရေးခေတ်ဦးပိုင်း၌ မကွေးတိုင်းမင်းကြီးနှင့် မကွေးခရိုင်ဝန်တို့ရုံးစိုက်ရာမြို့လည်း ဖြစ်ခဲ့သည်။ဆင်ဖြူကျွန်းမြို့အရှေ့တောင်ဘက်ဓာလွယ်ခုတ်ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိသည်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိ၍ မကွေးမြို့အထက် ၂၉ မိုင်ခန့် ကွာဝေးသည်။ ရန်ကုန်မြို့မှ ၃၆၃ မိုင်ကွာဝေးသည်။ ရှေးအခါက ဆိပ်သာကွန်းထောက်မြို့၊ ထိုမှတစ်ဖန် ရေနံ့သာမြို့ဟု တွင်ခဲ့၍ ထိုနောက်တွင် ရေနံချောင်းမြို့ဟု ခေါ်တွင်သည်ဟု ဆိုလေသည်။ ရေနံချောင်းမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၄၅,၁၂၀ ဦး[1] ဖြစ်သည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် မြို့ပြနေလူဦးရေမှာ (၄၉၉၃၈)ဦးထိ ရှိလာခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်း စတုတ္ထမြောက်အကြီးဆုံးမြို့ ဖြစ်လာသည်။
ရေနံချောင်းမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
ရေနံချောင်းမြို့ဝင်ဆိုင်းဘုတ် | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 20°27′N 94°52′E | |
နိုင်ငံအမည် | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
ခရိုင် | ချောက် |
မြို့နယ် | ရေနံချောင်းမြို့နယ် |
လတ္တီကျု | (၂၀)ဒီဂရီ၊ (၂၇)မိနစ် |
လောင်ဂျီကျု | (၉၄)ဒီဂရီ၊ (၅၂)မိနစ် |
မြို့နယ်ရုံးစိုက်ရာမြို့ | ရေနံချောင်းမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |