ရှစ်လေးလုံးအရေးအခင်း
From Wikipedia, the free encyclopedia
၁၉၈၈ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၌ ချီတက်ဆန္ဒပြပွဲများ၊ ကန့်ကွက်ဆန္ဒပြပွဲများနှင့် အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်ကို အစွဲပြု၍ ရှစ်လေးလုံးအရေးအခင်း (၈၈၈၈ အရေးအခင်း) ဟုခေါ်ကြသည်။[3]
၈၈၈၈ အရေးအခင်း | |||
---|---|---|---|
| |||
နေ့ရက် | ၁၂ မတ် ၁၉၈၈ (၁၉၈၈-၀၃-၁၂) – ၂၁ စက်တင်ဘာ ၁၉၈၈ (၁၉၈၈-၀၉-၂၁) | ||
နေရာ | |||
အကြောင်းရင်းခံ |
| ||
ရည်မှန်းချက်များ |
| ||
နည်းလမ်းများ |
| ||
ရလဒ် |
| ||
လိုက်လျောချက်များ |
| ||
Parties to the civil conflict | |||
| |||
ဦးဆောင်သူများ | |||
အရေအတွက် | |||
| |||
ထိခိုက်သူများ | |||
သေဆုံးသူ(များ) | ၃၅၀ (အစိုးရထုတ်ပြန်ချက်) ၃၀၀၀ – ၁၀,၀၀၀ (ခန့်မှန်းခြေ) | ||
ဒဏ်ရာရသူ | မသိရ | ||
ဖမ်းဆီးခံရသူ | မသိရ |
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မှစ၍ မြန်မာနိုင်ငံကို ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ အောင်မြင်မှုမရခဲ့သော ဆိုရှယ်လစ်စနစ်ဆီသို့ လျှောက်လှမ်းသော မြန်မာ့နည်းသည် မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်စေခဲ့သည်။[4][5][6] ၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သော Newsweek မဂ္ဂဇင်းပါ ဆောင်းပါးတစ်ပုဒ်တွင် ဆိုရှယ်လစ်စနစ်ဆီသို့ လျှောက်လှမ်းသော မြန်မာ့နည်းကို “ဗုဒ္ဓဘာသာနှင့်မာ့က်စ်ဝါဒီ ယုတ္တိမတန်မှုတို့ပေါင်းစည်းခြင်း” ဟု ဖော်ပြခဲ့သည်။