ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
From Wikipedia, the free encyclopedia
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ( ရှမ်း: တိူင်း ဝႃႉ ၽွင်းငမ်းႁင်းၶေႃ၊ အင်္ဂလိပ်: Wa Self-Administered Division ) သည် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၌ တည်ရှိသည်။ ဝ လူမျိုးများ အများစု နေထိုင်ပြီး ဒေသတွင်း နေထိုင်သော အခြားလူမျိုးစုများမှာ လားဟူ၊ အာခါ၊ တိုင်းလွယ် စသည်တို့ ဖြစ်သည်။ မြို့နယ်ပေါင်း (၆)မြို့နယ် ပါဝင်ပြီး ၎င်းတို့ကို ခရိုင် (၂)ခု အဖြစ်ဖွဲ့စည်းမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဩဂုတ် ၂၀ ရက်နေ့တွင် ကြေညာခဲ့သည်။[1]
အချက်တိုများ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း, နိုင်ငံ ...
ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း | |
---|---|
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း | |
ရှမ်းပြည်နယ်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 22°10′00″N 99°10′00″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်း |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၅၂၄ မီတာ (၁၇၁၉ ပေ) |
လူဦးရေ | |
• စုစုပေါင်း | ၅၅၈,၀၀၀ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ပိတ်ရန်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ပုဒ်မ ၅၆။ (ဂ) တွင် ရှမ်းပြည်နယ်ရှိ
တို့ကို စုစည်းပြီး ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားသည်။[2]