ဘာသာစကားတခုခု၏ ဝေါဟာရ (အင်္ဂလိပ်: vocabulary သို့မဟုတ် lexicon) ဆိုသည်မှာ ထိုဘာသာစကား၏ ရှိရှိသမျှသော စကားလုံးထုကြီးကို ညွှန်းဆိုခြင်း ဖြစ်သည်။ ဘာသာစကား၏ အဓိက အစိတ်အပိုင်းကြီး ၂ခု ရှိရာ တစ်ခုမှာ ဤ ဝေါဟာရထု (စကားလုံးများ) ဖြစ်ပြီး ကျန်တစ်ခုမှာ သဒ္ဒါဟူသော သတ်မှတ်စည်းမျဉ်းစု ဖြစ်သည်။ ဘာသာစကား၏ အစိတ်အပိုင်း ဖြစ်သည့်အလျောက် အချိန်နှင့်အမျှ ပြောင်းလဲဖွံ့ဖြိုးနေကြပြီး သဒ္ဒါပိုင်းပြောင်းလဲမှုနှင့် စာလျှင် ဤဝေါဟာရပိုင်း၏ ပြောင်းလဲမှုက ပိုမြန်မြဲ ဖြစ်သည်။

မြန်မာဝေါဟာရထု (မြန်မာစကားလုံးများ) ထဲတွင် ပါဠိရင်းပါဠိသက်ပါဠိပျက်သက္ကတ၊ ပေါရာဏ၊ ကျောက်စာမွန် စသော ဘာသာများမှ ဆင်းသက်လာမှုများ သိသိသာသာ ရှိသကဲ့သို့ အင်္ဂလိပ်စကားနှင့် လက်တင်နွယ် ဘာသာစကားများမှ တိုက်ရိုက်မွေးစားယူသော ဝေါဟာရများလည်း ရှိသည်။[1]

မြန်မာ အရပ်သုံးစကား တွင် "စကားလုံး တစ်လုံး"ကို "ဝေါဟာရ တစ်ခု"ဟုလည်း လွယ်လင့်တကူပင် သုံးနှုန်းတတ်ကြသဖြင့်၊ စင်စစ်အားဖြင့်မူ ဝေါဟာရ ဟူသည်က ဘာသာစကား တစ်ခု၌ ရှိရှိသမျှသော စကားလုံးထုကို ညွှန်းဆိုသည်။[ကိုးကားချက်လိုသည်]

ရင်းမြစ်

"ဝေါဟာရ" ဟူသော စကားလုံးသည် ပါဠိစကားလုံး ဖြစ်ပြီး "စကား၊ ခေါ်ဝေါ်ခြင်း၊ အမည်သညာ၊ ကုန်သွယ်ခြင်း၊ တရားဆုံးဖြတ်ခြင်း" [2] စသည်ဖြင့် အဓိပ္ပာယ်ရသည်။ မြန်မာဘာသာစကားက "ဝေါဟာရ" စကားလုံးကို ယူရာတွင် အခေါ်အဝေါ်၊ စကားလုံး[3] (term, word, vocabulary) ဟူ၍သ ယူငင်သုံးစွဲကြသည်။

ဝေါဟာရ(ထု)၏ အဓိကအုပ်စုကြီး ၂ခု

ဘာသာစကားတခု၌ ရှိသမျှ စကားလုံးတို့ကို အကြမ်းဖျင်း ၂အုပ်စု ခွဲနိုင်သဖြင့် ဝေါဟာရဟူသော စကားလုံးထုကြီး၌ ကဏ္ဍ၂ရပ်၊ အကန့် ၂ကန့် ပါသည့်သဖွယ် မှတ်ယူနိုင်သည်။

အကန့်ရှင် (Open Class)

ဝေါဟာရ (စကားလုံးထုကြီး)၏ အကန့်ရှင်ဆိုသည်မှာ ရှိသမျှသော ပင်ကို စကားလုံးများကို ခြုံငုံခေါ်ခြင်း ဖြစ်သည်။ ပြောစကား၏ ဇာတ်ကောင်များသဖွယ် ဖြစ်သော အရာဝတ္ထုများ၊ အခြင်းအရာများ၊ လုပ်ရပ်များကို သတ်မှတ်ညွှန်းဆိုသည့် စကားလုံးများ ဖြစ်၍ ဤအပိုင်းကို စကားဇာတ်ကောင်ထု (Lexical Subsystem) ဟုလည်း ခေါ်တန်သည်။

အကန့်သေ (Closed Class)

ဝေါဟာရ (စကားလုံးထုကြီး)၏ အကန့်ရှင်ဆိုသည်မှာ ရှိသမျှသော သဒ္ဒါအလိုက်သုံး အကူစကားလုံးများကို ခြုံငုံခေါ်ခြင်း ဖြစ်သည်။ သဒ္ဒါ(စည်းမျဉ်းစု)အရ စကားဖွဲ့ရေးငှာ သုံးသည့် စကားသံများ (စကားလုံးများ) ဖြစ်၍ ဤအပိုင်းကို စကားဖွဲ့သံထု (Lexical Subsystem) ဟုလည်း ခေါ်တန်သည်။

ကိုးကား

ပြင်ပလင့်ခ်များ

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.