![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/7/78/Relativity_of_Simultaneity_Animation.gif/640px-Relativity_of_Simultaneity_Animation.gif&w=640&q=50)
အထူးနှိုင်းရသီအိုရီ
From Wikipedia, the free encyclopedia
နှိုင်းရ ရူပဗေဒအဖို့ အရေးပါလှသော အိုင်းရှ်တိုင်း၏ (၁၉၀၅ ခုနှစ်၌ ဖော်ထုတ်ဖြန့်ဝေသည့်) အထူး နှိုင်းရသီအိုရီ (သို့) ထူးရှားနှိုင်းရသီအိုရီ (အင်္ဂလိပ်: Special Theory of Relativity; Special TR)(အင်္ဂလိပ်: Special Relativity Theory; SRT) ဆိုသည်မှာ -
လောက(universe) ကြီး၏ ဇာတ်ခုံသဖွယ် အခြေခံကျောရိုးကျသည် အချိန် + နေရာ(အာကာသ) ပေါင်းတွဲလျက်သဘော ဖြစ်အင်ထု အကြောင်းကို ရှင်းပြရာ၌၊ (နျူတန်ပျိုး ရူပဗေဒ၏ သမားရိုးကျ ယူကလစ်ဒ် နေရာ(ရပ်ဝန်း)သဘော၊ တလောသလုံးစာ တသမတ်တည်းသော အချိန်ကုန်ဆုံးမှုသဘော တို့နှင့် မဟုတ်တော့ဘဲ)
- "အလျင်ပြောင်းနေနှုန်း (acceleration) မရှိသော မည်သည့် နေမြဲ တွေ့ကြုံရှုထောင့် အတွင်း၌မဆို ရူပဗေဒ နိယာမများ မပြောင်းမလဲ မှန်ကန်နေဦးမည်"
- "ကြည့်ရှုဇာတ်ကောင်က မည်သည့်နှုန်းဖြင့် မည်သို့ရွေ့နေစေကာမူ ဗလာနယ်တွင်း အလင်းအလျင် (speed of light in a vacuum) က မည်မျှ ဟူသည်ကိုမူ ဘုံကိန်းသေ ပမာဏတစ်ခုအဖြစ် တွေ့ကြုံတိုင်းတာနေမိရမည်"
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/7/78/Relativity_of_Simultaneity_Animation.gif/320px-Relativity_of_Simultaneity_Animation.gif)
ဟူသည့် အခြေခံယူဆချက် (postulates) ၂ခု[1][2] ကို မှန်ကန်စေသည့် မင်ခေါ့ဗ်ရှကီး ရပ်ဝန်း+အချိန် သဘောတရားတို့ဖြင့် လောကဖြစ်အင်အချို့ကို အချိန်+ရပ်ဝန်း(အာကာသ) အမှတ်ချအိမ် ချကြည့်လေ့လာသည့် သီအိုရီ ဖြစ်တော့၏။