အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ
From Wikipedia, the free encyclopedia
အာရပ်စော်ဘွားများ ပြည်ထောင်စု ကို အဲမရိတ် သို့မဟုတ် ယူအေအီးဟု ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြပြီး အာရှတိုက် အနောက်တောင်ဘက် ပါရှန်းပင်လယ်ကွေ့ရှိ အာရပ်ကျွန်းဆွယ်ပေါ်တွင် တည်ရှိသော ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ကုန်းမြေနယ်နိမိတ်ခြင်း ထိစပ်နေသော နိုင်ငံများမှာ အရှေ့ဘက်တွင် အိုမန်နိုင်ငံ နှင့် အနောက်ဘက်တွင် ဆော်ဒီအာရေဗျနိုင်ငံ တို့ဖြစ်ကြသည်။ ကာတာနိုင်ငံ ၊ အီရန်နိုင်ငံတို့နှင့်လည်း ပင်လယ်နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိသည်။ ၂၀၁၃ ခုနှစ်တွင် လူဦးရေ စုစုပေါင်း ၉.၂ သန်းမျှ ရှိပြီး ၁.၄ သန်းမှာ အဲမရိတ် နိုင်ငံသားများ ဖြစ်ကာ ၇.၈ သန်းမှာ နိုင်ငံရပ်ခြားမှ လာရောက် အလုပ်လုပ်ကိုင်သူများ ဖြစ်ကြသည်။[1]
အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ دولة الإمارات العربية المتحدة Dawlat al-Imārāt al-‘Arabīyah al-Muttaḥidah | |
---|---|
မြို့တော် | အဘူဒါဘီမြို့ |
အကြီးဆုံးမြို့ | ဒူဘိုင်းမြို့ |
ရုံးသုံး ဘာသာစကားများ | အာရပ် |
အမျိုးအစား | ဖက်ဒရယ် သမ္မတ စနစ် နှင့် စည်းမျဉ်းခံ ဘုရင်စနစ် |
အစိုးရ | |
• သမ္မတ | Khalifa bin Zayed Al Nahyan |
• ဝန်ကြီးချုပ် | Mohammed bin Rashid Al Maktoum |
တည်ထောင် | |
• ဖွဲ့စည်းပုံ အခြေခံ ဥပဒေ | ၂ ဒီဇင်ဘာ ၁၉၇၁ |
ဧရိယာ | |
• စုစုပေါင်း | ၈၃,၆၀၀ km² (၃၂,၂၇၈ sq mi) (အဆင့်: ၁၁၆) |
• ရေထု (%) | မပြောပလောက် |
လူဦးရေ | |
• ခန့်မှန်း | ၄,၇၉၈,၄၉၁ (၂၀၀၇) (အဆင့် - ၁၂၀) |
• သိပ်သည်းမှု | ၅၅/km² (၁၄၂.၅/sq mi) (အဆင့် - ၁၅၀) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | ၁၈၂.၈၇၆ ဘီလီယံ |
• Per capita | US $ ၄၉,၉၉၅ |
HDI | ၀.၈၁၅ အလွန်မြင့် · ၃၂ |
ငွေကြေး | UAE ဒါဟမ် (AED) |
တယ်လီဖုန်းကုဒ် | +၉၇၁ |
Internet TLD | .ae |
၁၉၇၁ ခုနှစ် ဒီဇင်ဘာတွင် စတင်တည်ထောင်ခဲ့ပြီး ဖက်ဒရယ် ပြည်ထောင်စုတွင် မြို့တော်ဖြစ်သော အဘူဒါဘီ နှင့်အတူ ဒူဘိုင်း၊ ရှာဂျာ၊ အက်ဂျ်မန်၊ အွမ်-အယ်-ကူဝိန်း၊ ရပ်စ်-အယ်လ်-ခိုင်းမား၊ ဖူဂျာအီရာ ဟူသော ပြည်နယ် (၇) ခု ပါဝင်သည်။ ပြည်နယ် တစ်ခုချင်းစီကို အကြွင်းမဲ့ အာဏာရှိသော စော်ဘွားတစ်ဦးစီမှ အုပ်ချုပ်ပြီး ၎င်းတို့အားလုံး စုပေါင်း၍ ဖက်ဒရယ် ထိပ်သီးကောင်စီ တစ်ခုအဖြစ် ပေါင်းစည်းထားသည်။ ၎င်းတို့ထဲမှာ စော်ဘွားတစ်ဦးအား အာရပ်စော်ဘွားများ ပြည်ထောင်စု၏ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ထားသည်။ အစ္စလာမ် ဘာသာသည် နိုင်ငံတော် ဘာသာဖြစ်ပြီး အာရပ်ဘာသာ စကားမှာ တရားဝင် ရုံးသုံးဘာသာစကား ဖြစ်သော်လည်း အင်္ဂလိပ် ဘာသာကို နေရာအနှံ့ အသုံးပြုကြသည်။
ယူအေအီးနိုင်ငံ၏ ရေနံထွက်ရှိမှုမှာ ကမ္ဘာပေါ်တွင် သတ္တမမြောက် အများဆုံး ဖြစ်ပြီး[2] သဘာဝ ဓာတ်ငွေ့ ထွက်ရှိမှုမှာ ကမ္ဘာပေါ်တွင် အဆင့် ၁၇ ရှိသည်။[3] ကွယ်လွန်သွားပြီ ဖြစ်သော အဘူဒါဘီ စော်ဘွား နှင့် ယူအေအီး၏ ပထမဆုံး သမ္မတဖြစ်ခဲ့သည့် ရှိတ်ဇာယာဒ်မှ အဲမရိတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကို ကြီးကြပ်ခဲ့ပြီး ရေနံမှာ ရသော အမြတ်ငွေများကို ကျန်းမာရေး စောင့်ရှောက်မှုများ၊ ပညာရေး နှင့် အခြေခံ အဆောက်အအုံတို့တွင် အသုံးချခဲ့သည်။[4] ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံများတွင် ယူအေအီး၏ စီးပွားရေးမှာ လုပ်ငန်း အစုံဆုံး ဖြစ်ပြီး လူဦးရေ အများဆုံး ဖြစ်သော ဒူဘိုင်းမြို့မှာ ကမ္ဘာ့မြို့တော် တစ်ခုနှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းဆက်သွယ်ရေး၏ ဗဟိုဌာနတစ်ခု ဖြစ်လာခဲ့သည်။[5][6] သို့သော်လည်း နိုင်ငံ၏ စီးပွားရေးမှာ သဘာဝဓာတ်ငွေ့ နှင့် ရေနံ တင်ပို့ရောင်းချမှုပေါ်တွင် များစွာ မှီခိုနေရဆဲ ဖြစ်သည်။[7][8][9]
ယူအေအီးမှာ ၎င်း၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် ဝေဖန်ခံနေရဆဲ ဖြစ်ပြီး ဥပဒေအတွင်း ရှာရီယာ ဥပဒေ၏ ပါဝင်ပတ်သက်မှုများကြောင့်လည်း ပါဝင်သည်။[10][11][12] ယူအေအီး၏ နိုင်ငံတကာတွင် နေရာတစ်ခု ရယူလာမှုကြောင့် ဝေဖန်သုံးသပ်သူ အချို့က ဒေသအတွင်း ဩဇာလွှမ်းမိုးမှု ရှိသောနိုင်ငံနှင့် ကမ္ဘာ့ အင်အား အသင့်အတင့်ရှိ နိုင်ငံ တစ်ခု အဖြစ် သတ်မှတ်ကြသည်။[13][14]