ဗြိတိယျှ ရူပဗေဒ ပညာရှင် From Wikipedia, the free encyclopedia
ဗြိတိန်နိုင်ငံသား ဆီဆယ်လ် ဖရန့်ခ် ပေါဝဲလ် (အင်္ဂလိပ်: Cecil Frank Powell) သည် နျူကလီးယားလုပ်ငန်းစဉ်ကို လေ့လာနိုင်သည့် ဓာတ်ပုံရိုက်နည်းပညာကို တီထွင်ဖော်ထုတ်ခဲ့သူဖြစ်သည်။ သူသည် mesons ခေါ် အီလက်ထရွန်တစ်ခုနှင့် ပရိုတွန်တစ်ခုအကြားအခြေခံဒြပ်မှုန် အုပ်စုတစ်ခုကိုလည်း ဖော်ထုတ်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဖရန့်ခ် ပေါဝဲလ်သည် ကော့မစ်ရောင်ခြည်ဖြာထွက်ခြင်းနှင့် အက်တမ်၏ နျူထရွန်ပျံ့နှံ့ခြင်းအကြောင်းကို လေ့လာခဲ့သည်။ ထိုသို့လေ့လာရာမှ အက်တမ်အမှုန်များ ပျံ့နှံ့ဖြာထွက်ခြင်းကို ဓာတ်ပုံရိုက် မှတ်တမ်းတင်နိုင်သည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။
ဆီဆယ်လ် ဖရန့်ခ် ပေါဝဲလ် C. F. Powell | |
---|---|
မွေးဖွား | Cecil Frank Powell ၅ ဒီဇင်ဘာ၊ ၁၉၀၃ Tonbridge၊ Kent၊ အင်္ဂလန်နိုင်ငံ |
ဆုံးပါး | ၉ ဩဂုတ်၊ ၁၉၆၉ ၆၅) Valsassina, အီတလီနိုင်ငံ | (အသက်
နိုင်ငံလူမျိုး | ယူနိုက်တက်ကင်းဒမ်း |
နယ်ပယ် | ရူပဗေဒ |
အဖွဲ့အစည်းဌာန | ကိန်းဘရစ်ချ် တက္ကသိုလ် University of Bristol |
မိခင်ကျောင်း | ကိန်းဘရစ်ချ် တက္ကသိုလ် |
ပါရဂူဘွဲ့ ကြီးကြပ်သူ | Charles Thomson Rees Wilson Ernest Rutherford |
ကျော်ကြားမှုအရင်းခံ | Photographic method Discovery of the pion |
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ |
|
ဆီဆယ်လ် ဖရန့်ခ် ပေါဝဲလ်သည် သိပ္ပံစာအုပ်များစွာ ရေးသားထုတ်ဝေခဲ့သည်။ ထင်ရှားသောစာအုပ်များမှာ
၁၉၃၂ ခုနှစ်တွင် ဆီဆယ်လ် ဖရန့်ခ် ပေါဝဲလ် သည် သူ၏သုတေသနအကူဖြစ်သူ Isobel Therese Artner နှင့်လက်ထပ်ခဲ့ပြီး သမီးနှစ်ယောက် ထွန်းကားခဲ့သည်။ သူသည် တင်းနစ်ကစားခြင်းကို နှစ်သက်သူဖြစ်သည်။ ဆီဆယ်လ် ဖရန့်ခ် ပေါဝဲလ်သည် ၁၉၆၉ ခုနှစ်၊ ဩဂုတ်လ၊ ၉ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ဖရန့်ခ်ပေါဝဲလ်သည် ဓာတ်ငွေ့များရှိ အိုင်းယွန်းများ၏သဘာဝကို ဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါဖော်ထုတ်ချက်နှင့် တီထွင်မှုကြောင့် ၁၉၅၀ ပြည့်နှစ်အတွက် ရူပဗေဒပညာရပ်ထူးချွန်သူအဖြစ် နိုဘဲလ်ဆုချီးမြှင့်ပေးအပ်ခြင်းခံရသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.