၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း
၁၉၆၂ ခုနှစ် မြန်မာ့တပ်မတော်မှရွေးကောက်ခံအစိုးရအားဖြုတ်ချခြင်း / From Wikipedia, the free encyclopedia
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ပထမဆုံးသော စစ်အာဏာသိမ်းပိုက်မှုဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းသည် ဝန်ကြီးချုပ်ဦးနုအစိုးရကိုဖြုတ်ချခဲ့၍ တော်လှန်ရေးကောင်စီကိုဖွဲ့စည်းကာ စတင်အုပ်ချုပ်ခဲ့သည်။
၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း | |||||||
---|---|---|---|---|---|---|---|
ပြည်တွင်းပဋိပက္ခနှင့် စစ်အေးတိုက်ပွဲ၏ တစ်စိတ်တစ်ပိုင်း | |||||||
| |||||||
စစ်ရင်ဆိုင်သည့် နိုင်ငံများ | |||||||
တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||
ဝင်းမောင် (နိုင်ငံတော်သမ္မတ) ဦးနု (နိုင်ငံတော်ဝန်ကြီးချုပ်) |
နေဝင်း (တပ်မတော်စစ်ဦးစီးချုပ်) | ||||||
ပါဝင်သည့် တပ်ဖွဲ့များ | |||||||
မြန်မာ့ရဲတပ်ဖွဲ့ (ကြားနေအဖြစ်သာ) | မြန်မာ့ကြည်းတပ် | ||||||
အသေအပျောက် | |||||||
၁ – ၂ ဦး အသတ်ခံရ |
ဗိုလ်ချုပ်နေဝင်းသည် တိုင်းပြည်ကိုအာဏာသိမ်းပြီးနောက် အောက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့သည်။
“ | နိုင်ငံတော်တစ်ဝှမ်းလုံးရှိ ရဟန်းရှင်လူအပေါင်းတို့ခင်ဗျား၊
ပြည်ထောင်စုနိုင်ငံတော်၏ အထူးယိုယွင်းလာသောအခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှါ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ပြီ ဖြစ်ပါကြောင်းအစီရင်ခံပါသည်။ |
” |
ထိုသို့အာဏာသိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နေဝင်းသည် မြန်မာနိုင်ငံကို ၁၉၇၄ ခုနှစ်အထိ စစ်အာဏာရှင်စနစ်ဖြင့် ၁၂ နှစ်မျှအုပ်ချုပ်ခဲ့သည်။ ထိုကာလ၌ ဗိုလ်ချုပ်နေဝင်းသည် တိုင်းပြည်၏ နိုင်ငံရေးကဏ္ဍကိုသာမက အုပ်ချုပ်ရေးနှင့် စီးပွားရေးကဏ္ဍတို့ကိုပါ ကိုယ်တိုင်ခြယ်လှယ်နိုင်အောင် ဆောင်ရွက်ခဲ့သည်။ ၁၉၇၄ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုရေးဆွဲခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကိုတည်ထောင်ခဲ့ရာ တစ်ပါတီအာဏာရှင်စနစ်ဖြင့် ဆက်လက်အုပ်ချုပ်ခဲ့သည်။
၁၉၈၈ တွင် ပြည်သူတို့စတင်ထကြွမှုကြောင့် မဆလအစိုးရမှာ ပြိုလဲခဲ့လေသည်။ သို့သော်ဗိုလ်ချုပ်နေဝင်း၏တပ်မတော်သည် ကျန်ရှိနေသောအင်အားဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ) ကိုဖွဲ့စည်း၍ အာဏာပြန်လည်သိမ်းပိုက်ခဲ့ရာ ၂၃ နှစ်မျှဆက်လက်အုပ်ချုပ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် စစ်တပ်၏ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား အာဏာလွှဲခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရသစ်တက်လာခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တတိယအကြိမ် အာဏာသိမ်းခံခဲ့ရသည်။