ကရင်ဒီမိုကရက်တစ်ပါတီ
From Wikipedia, the free encyclopedia
Remove ads
ကရင်ဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Kayin Democratic Party၊ အတိုကောက် KDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ၂၀၁၁ တွင် ပါတီတည်ထောင်လိုသူ ၁၈ ဦးမှ လက်မှတ်ရေးထိုးမှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ ဇန်နဝါရီတွင် ပါတီမှတ်ပုံတင်အမှတ် ၅၁ ဖြင့် ခွင့်ပြုခဲ့သည်။ ပါတီဝင်အရေအတွက် ၆၈၇ ဦးရှိပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၃ နေရာမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ပါတီ၏မူဝါဒမှာ တိုင်းရင်းသားလူမျိုးများ အချင်းချင်း ဥပဒေနှင့်အညီ မိမိတို့မြတ်နိုးသော စကား၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်အနုပညာ၊ ကိုးကွယ်သည့်ဘာသာ၊ သာသနာ နှင့် ဓလေ့ ထုံးတမ်းများတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်နိုင်ခွင့်နှင့် ကရင်မျိုးနွယ်စုများအားလုံး စုစည်းပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ကြီးထွားလာစေရန်နှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီထွန်းကားရေးတို့ကို အခြေခံလျက် တန်းတူညီမျှ စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသားများ နှင့်အတူ စစ်မှန်သော ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန်တို့ ဖြစ်သည်။[၁]
Remove ads
ပါတီ ဖျက်သိမ်းခြင်း
ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ နှင့် စည်းလုံးညီညွတ်သောကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သဖြင့် ကရင်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခဲ့သည်။[၂]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads