ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ
From Wikipedia, the free encyclopedia
Remove ads
ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (အင်္ဂလိပ်: Kayin State Democracy and Development Party၊ အတိုကောက် KSDDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ ဒီကေဘီအေမှ အခြေခံပြီး BGF (နယ်ခြားစောင့်တပ်ဖွဲ့) ဖွဲ့စည်းသောအခါ တပ်ဖွဲ့တွင်းမှ အသက်အရွယ် ကြီးသူများက နိုင်ငံရေးပါတီထူထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ပါတီဝင် အရေအတွက်မှာ ၅,၀၀၀ ကျော်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဘားအံ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် စသည့် ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်ကိုးခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၂] ပါတီ၏မူဝါဒမှာ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ အကောင်အထည်ဖော်ရေး နှင့်အတူ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးဖြစ်သည်။
Remove ads
ပါတီ ဖျက်သိမ်းခြင်း
ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ နှင့် စည်းလုံးညီညွတ်သောကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သဖြင့် ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခဲ့သည်။[၃]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads