ကဝမြို့

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့ From Wikipedia, the free encyclopedia

ကဝမြို့map
Remove ads

ကဝမြို့သည် ပဲခူးတိုင်းဒေသကြီးပဲခူးခရိုင်တွင် ပါဝင်၍ ပဲခူးမြို့တောင်ဘက် ပဲခူးမြစ်အရှေ့ဘက်ကမ်း နဖူးပေါ်တွင် တည်ရှိပြီး ကဝမြို့နယ်ရုံးစိုက်ရာ မြို့ ဖြစ်သည်။

အချက်တိုများ ကဝ, နိုင်ငံ ...

အမည်ရင်းမြစ်

ကဝသည် မွန်အမည် (ကဝ)မှ ဆင်းသက်လာပြီး လင်းမြီးဆွဲဟု အဓိပ္ပာယ် ရသည်။ လင်းမြီးဆွဲရှိရာ အရပ်တွင် ရွာတည်ရာမှ နောင် ကဝမြို့ ဖြစ်လာသည်။[]

လမ်းပန်းဆက်သွယ်ရေး

ရန်ကုန်- ပဲခူး မီးရထားလမ်းမှ သွားလျှင် ထုံးကြီးဘူတာမှဆင်း၍ တစ်မိုင်ခန့် ကတ္တရာလမ်းအတိုင်း သွားပြီးနောက် ပဲခူးမြစ်အား ဖြတ်​သန်းဖောက်လုပ်ထား​သော တံတားအား ကျော်ဖြတ်ကာ ကဝမြို့ဘက်သို့ သွားနိုင်သည်။ ကား သို့မဟုတ် ဆိုင်ကယ်ဖြင့်သွားမည်ဆိုပါက ရန်ကုန်-ပဲခူး ကားလမ်းမကြီး၏ လမ်းပိုင်းပေါ်ရှိ အင်းတကော်မြို့ တာဆုံမှတောင်ဖက်သို့ချိုးကာ အင်းတကော်-ထုံးကြီး-ကဝ လမ်းမှလည်း သွားနိုင်သည်။ ပဲခူးမှ တစ်ဆင့်သွားရောက်မည်ဆိုပါက ပဲခူး-သက္ကလ- အုန်းနှဲ-ကဝ လမ်းမှ သွားနိုင်သည်။ ရန်ကုန်အမှတ် ၂ လမ်းမကြီးမှသွားမည်ဆိုပါက ဆားတလင်းကျေးရွာ၊လမ်းဆုံမှ ဒါးပိန်ကျေးရွာသို့သွားပြီး၊ ဒါးပိန်-သပြုပဲခူးမြစ်ကူးတံတားမှ တဆင့်သွားနိုင်ပါသည်။ မြို့ပေါ်ရှိလူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၇,၃၉၆ ယောက်[] ရှိသည်။

ပဲခူးမြစ်ကူးတံတား (ကဝ)

Thumb
ပဲခူးမြစ်ကူးတံတား (ကဝ)

ပဲခူးမြစ်ကူးတံတား (ကဝ)သည် ပဲခူးမြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် တံတားဖြစ်သည်။ ကဝမြို့သည် ယခင်က ရန်ကုန်နှင့် ကပ်လျက်တည်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသည့် မြို့တစ်မြို့ ဖြစ်သည်။ ကဝမှ ရန်ကုန်သို့သွားမည်ဆိုပါက ပဲခူးမြစ်အား သမ္ဗာန်လှေဖြင့် ဖြတ်ကူးကာ သွားလာရသည်။ ယခုအခါ ပဲခူးမြစ်ကူးတံတား (ကဝ) ကို တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သည်။ တံတားသည် ထုံးကြီးရွာ နှင့် ကဝမြို့ကို ဆက်သွယ်တည်ရှိသည်။‌နောနေထပ် ပဲခူးမြစ်ကူးတံတားအသစ်တစ်စင်းကို ကဝမြို့ရှောင်လမ်း‌ဖောက်လုပ်ပြီး မြို့အရှေ့ပိုင်း မှဖြတ်ကာတည်ဆောက်ထားပါသည်။

Remove ads

လူမှုပထဝီဝင်

၁၉၅၃ ခုက လူဦးရေ ၂၃၃၆ ဦး နေကြောင်း သိရသည်။[]

ကဝမြို့နယ်တွင် သူကြီးပိုင်ကျေးလက် ၉၃ ပိုင်ရှိသည်။ ကဝမြို့၏အရှေ့ပိုင်းတွင်ကျိုက်အံ့ဝစေတီတည်ထားသည်။

ပဲခူးရာဇဝင်လာ အဿားမင်းသား ၏မယ်တော်ရွှေဖရုံမယ် ဇာတိတွင်တည်ထားသော ရွေဖရုံမယ်စေတီသည် ကဝမြို့နယ် ကျားတက်ကျေးရွာအုပ်စု၊ကျားတက်ကျေးရွာတွင်တည်ရှိပါသည်။ ကဝ အုန္နှဲလမ်းမပေါ်ရှိ စမ်းကြီးဇရပ်လမ်းဆုံ(ဖလေး-‌ပေါက်ကုန်းကျေးရွာများလမ်းဆုံ)မှ မြောက်ဖက်သို့ချိုးကွေ့ပြီးသွားလျှင် ဖလေးကျေးရွာကိုရောက်မည်။ ထိုမှဆက်သွားလျှင် ကျားတက်ကျေးရွာသို့ရောက်ပါမည်။

ဖလေးကျေးရွာတွင်တည်ထားသော ကျိုက်မတ်ကေ်ဖလေးဘုရားကြီးမှာ လည်း ထင်ရှားကျော််ကြားသော ဘုရားစေတီတစ်စူဖြစ်သည်။ ဘုရားကုန်းတော််ပေါ်တွင်ပေါက်ရောက်နေသော စကားဖြူပင်ကြီးမှာ လွန်စွာသက်တမ်းရင့်ပြီးစကားဖြူပန်းများမှာအနံ့အလွန်မွှေးကြိုင်လှပါသည်။အပင်သက်တန်းမှာသက်ကြီးသူမတို့၏လက်ဆင့်က်းစကားအရ အသက်ရာကျော်ပြီဟုသိရပါသည်။ နာမည်ကျော်စစ်ကိုင်းငလျှင်ပြတ်ရွေ့ကြော(Sagaing Fault) သည်ဤ ဖလေးဘုရားကြီးတည်ရှိရာကုန်း‌‌‌တော််အောက် မှဖြတ်သွားပါသည်။[]

ကဝမြို့နယ်၏ အရှေ့ဘက်အကျဆုံး နေရာ တစ်နေရာဖြစ်သည့် သမ္ဗာန်ဆိပ်ရွာမှာ စစ်တောင်းမြစ်ဝ၏ ပင်လယ်ကမ်းနှင့် ကပ်လျက်ရှိနေသည်။ ထိုရွာသည့် သထုံခရိုင်မှ ကျိုက်ထီးရိုးတောင်၊ ကေလာသတောင်များနှင့် မျက်နှာချင်းဆိုင် တည့်လျက်ရှိသည်။

စီးပွားရေး

ကဝမြို့နယ် တစ်ခွင်လုံးမှာ မြေပြန့်ကွင်းဖြစ်၍ စပါးအကြီး အကျယ် စိုက်ပျိုးသည်။ ကဝမြို့နယ်မှာ စစ်တောင်းမြစ်နှင့် ပဲခူးမြစ် အကြားတွင် တည်ရှိသည်။ ပင်လယ်ကမ်းခြေနှင့် နီးကပ်သွားသော နေရာများတွင် ဆားအသင့်အတင့် ချက်လုပ်သည်။ ကဝမြို့မှ လွယ်အိတ်နှင့် ချည်လုံချည်များ ထွက်၍ ကဝလွယ်အိတ်ကို လူသိများသည်။

အထင်ကရပုဂ္ဂိုလ်များ

  1. ဒဂုန်ဦးထွန်းမြင့် (မယ်သီလကန်)
  2. ချစ်စံဝင်း (ရစ်ကန်ကြီးရွာ)
  3. ဦးရွှေအောင် (မဟာဝိဇ္ဇာ၊ ဝဋံသကာသိရောမဏိ)(ဖလေး)
  4. ရုပ်ရှင်မင်းသား မြင့်အောင် (သက္ကလ)
  5. သရုပ်ဆောင် မို့မို့မြင့်အောင် (သက္ကလ)
  6. စာရေးဆရာ ချစ်ဝင်းညွန့်(ရစ်ကန်)
  7. မောင်မောင်ဖြူ[]
  8. သရုပ်ဆောင် နေမင်း (သက္ကလ)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads