ကိုကာကိုလာ
ကာဗွန်နိတ် အညိုရောင် အချိုရည် From Wikipedia, the free encyclopedia
Remove ads
ကိုကာကိုလာ ဆိုသည်မှာ ကမ္ဘာနှင့် တဝန်း သောက်သုံးနေကြေသာ အချိုရည် တစ်မျိုးဖြစ်သည်။ ကိုကာကိုလာ အချိုရည်ကို အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှ ဆေးဝါးပညာရှင် ဒေါက်တာဂျွန် ပန်မ်ဘာတန်က ဖော်စပ်တီထွင်ခဲ့သည်။ ၎င်းသည် ၁၈၈၆ ခုနှစ် မေလကဖြစ်ပြီး ကိုကာကိုလာဟူသော အမည်ကို သူ၏ စာရင်းကိုင်ဖြစ်သူ ဖရန့်ရော်ဘင်ဆင်က ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်း ကိုကာကိုလာ လိုဂို အမှတ်တံဆိပ်သည် ယနေ့တိုင် အောင်မြင်ကျော်ကြားနေဆဲ ဖြစ်သည်။ ပထမဆုံးသော အဆိုပါအချိုရည်ကို ၁၈၈၆ ခုနှစ်၊ မေလ (၈) ရက်၌ အတ္တလန်တာမြို့ရှိ ဆေးဆိုင်မှ စတင် ရောင်းချခဲ့သည်။ စတင် ထုတ်လုပ်စဉ်က ဂျွန်ပန်မ်ဘာတန်အတွက် အရှုံးပေါ်ခဲ့သည်ဟုဆိုသည်။ [၁]

ကိုကာကိုလာ အချိုရည်ကို ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ကုန်ပစ္စည်းဖြန့်ဖြူးသူများ နှင့် စာချုပ်ချုပ်ဆို၍ ထုတ်လုပ်ပြီးသော ကိုကာကိုလာ ဗူးများ၊ ပုလင်းများကို လက်လီအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ နှင့် အကြွေစေ့နှင့် ကိုယ်တိုင်ဝယ်ယူနိုင်သော စက်များဆီသို့ ဖြန့်ဖြူးလျက်ရှိသည်။ ကိုကာကိုလာ ကုမ္ပဏီသည် Coke အမှတ်တံဆိပ်၏ အောက်တွင် တခြားသော အချိုရည်အမှတ်တံဆိပ်များကိုလည်း မှတ်တံဆိပ်များကိုလည်း မိတ်ဆက်ခဲ့သည်။ လူသိများသော တံဆိပ်များမှာ Diet Coke Caffeine- Free, Coca-Cola Cheery, Coca-Cola Zero, Coca-Cola Vanilla အစရှိသည်တို့ ဖြစ်ကြသည်။ ၂၀၁၃ ခုနှစ်တွင် ကိုကာကိုလာ အမှတ်တံဆိပ်ကို နိုင်ငံပေါင်း ၂၀၀ ကျော်တွင် တွေ့ရှိနိုင်ပြီး နေ့စဉ် သောက်သုံးသူ သန်းပေါင်း ၁၈၀၀ ကျော် ရှိသည်။
၂၀၁၁ ခုနှစ် ကမ္ဘာ့ ကုန်ပစ္စည်း အမှတ်တံဆိပ်များတွင် ကိုကာကိုလာ အမှတ်တံဆိပ်သည် ကမ္ဘာ့အဖိုးအတန်ဆုံး အမှတ်တံဆိပ်အဖြစ် သတ်မှတ်ခြင်းခံရသည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads