ကိုကိုကျော်

From Wikipedia, the free encyclopedia

Remove ads

ဗိုလ်ချုပ် ကိုကိုကျော် သည် တပ်မတော်(ရေ)အရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်သည်။ယင်းမတိုင်မီက သူသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွဲ့စည်းခဲ့သော ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ကမ်းခြေစောင့်တပ်ဖွဲ့ ၏ ညွန်ကြားရေးမှူးချုပ်ဖြစ်ခဲ့သည်။[] []

အချက်တိုများ ဗိုလ်ချုပ် ကိုကိုကျော်, နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ...
Remove ads

စစ်မှုထမ်းဘဝ

သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၈) ဆင်းဖြစ်သည်။ပြန်တမ်းဝင်အမှတ် ရေ-၁၃၇၈ ဖြင့် တပ်မတော်(ရေ) တွင် စစ်မှုထမ်းသည်။နှစ် ၃၀ ကျော်ကြာ စစ်မှုထမ်းပြီးနောက် ဗိုလ်မှူးချုပ်ရာထူးဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး(ကြည်း၊ရေ၊လေ)ပူးပေါင်းလေ့ကျင့်ရေးဌာနကြီး တွင် လက်ထောက်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်(ကြည်း၊ရေ၊လေပူးပေါင်းလေ့ကျင့်ရေး) အဖြစ် တာဝန်ပေးခံရသည်။ယင်းနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် မြန်မာနိုင်ငံတွင် ပထမဆုံးစတင်ဖွဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့ ၏ ညွန်ကြားရေးမှူးချုပ်ဖြစ်လာခဲ့သည်။[] နောက်ပိုင်း ဗိုလ်ချုပ် ဖြစ်လာသည်။ထိုတာ ဝန်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ရက် နေ့အထိ တာဝန်ထမ်းသည်။

Remove ads

ဒုဝန်ကြီးဖြစ်လာပုံ

စစ်ကောင်စီ က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ၎င်းအား ကမ်းခြေစောင့်တပ်ဖွဲ့ ၏ ညွန်ကြားရေးမှူးချုပ် တာဝန်မှ အနားပေးကာ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ပြောင်းရွေ့ခန့်အပ်သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads