ကိုကိုနိုင် (သံအမတ်ကြီး)
From Wikipedia, the free encyclopedia
Remove ads
ဦးကိုကိုနိုင် (၁၉၆၁-၂၀၂၃) မြန်မာလူမျိုး သံအမတ်တစ်ဦးဖြစ်သည်။[၁] လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ရှိ မြန်မာသံရုံးတွင် သံအမတ်ကြီးတာဝန်ကို ထမ်းဆောင်နေရင်း ကွယ်လွန်ခဲ့သူဖြစ်သည်။၎င်းသည် တပ်မတော်သားဟောင်းတစ်ဦးဖြစ်သည်။
Remove ads
ငယ်ဘဝနှင့်ပညာရေး
ရန်ကုန်မြို့နေ အဖဦးစောနိုင်၊ဒေါ်တင်မြတို့က မွေးဖွားပြီး မွေးချင်း၈ ဦးအနက် အကြီးဆုံးသားဖြစ်သည်။ ပညာရေးမှာ စစ်တက္ကသိုလ် အမှတ်စဉ်(၂၅)အား တက်ရောက်ခဲ့သည်။
သံအမတ်ကြီးဘဝ
သမ္မတဦးထင်ကျော် လက်ထက် ၂၀၁၇ တွင် ၎င်းသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ခံရသည်။[၂]၂၀၁၇ မေလ ၄ရက်ကစပြီး လာအိုသမ္မတထံ သံတမန်ခန့်အပ်လွှာပေးပြီး ထိုရာထူးတွင် တရားဝင်တာဝန်ထမ်းဆောင်သည်။ ထိုတာဝန်ကို စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင်လည်း ဆက်လက်ထမ်းဆောင်ခဲ့သည်။[၃]
ဘဝနိဂုံး
ဦးကိုကိုနိုင်သည် သံအမတ်ကြီးတာဝန်ထမ်းဆောင်နေရင်း ကျန်းမာရေးဖောက်ပြန်လာမှုကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siriraj ဆေးရုံတွင် တက်ရောက်ကုသနေရင်း ၂၀၂၃ မတ်လ ၂၀ရက်တွင် ကွယ်လွန်သည်။[၄]
ပုဂ္ဂိုလ်ရေးဘဝ
အိမ်ထောင်သည်တစ်ဦးဖြစ်ကာ ဇနီးမှာ ဗိုလ်ကြီး (ငြိမ်း) ဒေါ်ခင်ဖုန်းဝေ ဖြစ်သည်။ သားသမီး ၃ ဦးရှိသည်။
ရရှိခဲ့သည့် ဆု
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်သည်။[၅]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads