မြတ်သက်ဦး

မြန်မာလူမျိုး သံအမတ်ကြီးတစ်ဦး ဖြစ်သည် From Wikipedia, the free encyclopedia

Remove ads

ဦးမြတ်သက်ဦး[] သည် မြန်မာလူမျိုး သံအမတ်ကြီးတစ်ဦး ဖြစ်သည်။သူသည် တပ်မတော်မှ အငြိမ်းစားယူပြီး နိုင်ငံခြားရေးဝန်ကြီးဌာန သို့ကူးပြောင်းလာကာ သံအမတ်ကြီး ဖြစ်လာသူဖြစ်သည်။သံအမတ်ကြီးအဖြစ် လအနည်းငယ်သာ တာဝန်ထမ်းဆောင်လိုက်ရသူလည်းဖြစ်သည်။

အချက်တိုများ မြတ်သက်ဦး, လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ...
Remove ads

စစ်မှုထမ်းခြင်း

သူသည် စစ်တက္ကသိုလ် အပါတ်စဉ် (၃၈) ဆင်း ဖြစ်သည်။ []ကိုယ်ပိုင်အမှတ်မှာ ကြည်း - ၂၀၂၇၈ ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ နောက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ပေးခံရသည်။[]

ယင်းနောက် ၂၀၂၂ ဩဂုတ်လတွင် မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။[]

၂၀၂၃ မတ်လတွင် ထိုတာဝန်မှ အနားပေးခံရကာ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြောင်းရွှေ့သည်။စစ်တိုင်းမှူးတာဝန်များ မထမ်းဆောင်မီ သူသည် တပ်မ(၇၇) တပ်မမှူး တာဝန် ထမ်းဆောင်ခဲ့သေးသည်။

Remove ads

သံအမတ်ကြီး ဖြစ်လာပုံ

၂၀၂၃ မတ်လ နောက်ပိုင်းတွင် သူ့ကို နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သံအမတ်ကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင်ရန် တပ်မတော်က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းသည်။ ၂၀၂၃ ဇွန်လ ၁၆ ရက်တွင် ၎င်းကို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာသည်။ [] ၂၀၂၃ ဇွန်လ ၂၆ ရက်ကစပြီး လာအိုသမ္မတထံ သံတမန်ခန့်အပ်လွှာပေးပြီး ထိုရာထူးတွင် တရားဝင်တာဝန်ထမ်းဆောင်သည်။ [][]

Remove ads

ထောင်ဒဏ်ချမှတ်ခံရခြင်း

သူသည် လာအိုသမ္မတထံ သံအမတ်ခန့်အပ်လွှာပေးအပ်ပြီး  ၄ လခန့်အကြာတွင်  နေပြည်တော် သို့ ပြန်လည် ဆင့်ခေါ်ခြင်းခံရသည်။ ၎င်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တွင် တိုင်းမှူးတာဝန်ထမ်းဆောင်စဉ် အခါက ကိစ္စရပ်များကြောင့် ဖြစ်သည်။[]၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သူ့ကို စစ်ကောင်စီက သံအမတ်ကြီးအဖြစ်မှ ရပ်စဲပြီး  ထောင် ၁၀နှစ် ချသည်။[]

ပုဂ္ဂိုလ်ရေးဘဝ

အိမ်ထောင်သည်တစ်ဦးဖြစ်သည်။ဇနီးဖြစ်သူမှာ ဒေါ်မီမီဆွေလှိုင် ဖြစ်ကာ ဘုန်းပြည့်မြတ်လှိုင် နှင့် လင်းပြည့်မြတ်လှိုင် ဆိုသည့် သား၂ဦးရှိသည်။[၁၀]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads