ကိုလုန်းမြို့
ဂျာမနီနိုင်ငံ၏ မြို့တစ်မြို့ From Wikipedia, the free encyclopedia
Remove ads
ကိုလုန်းမြို့ (ဂျာမန်: Köln [kœln] ( ); အင်္ဂလိပ်: Cologne /kəˈloʊn/ (
)) သည် ဂျာမနီနိုင်ငံ ရိုင်းမြစ် လက်ဝဲဖက်ကမ်းပေါ်ရှိ မြို့ကြီးတစ်မြို့ဖြစ်၏။ မီးရထားလမ်းများဆုံရာ ဌာနဖြစ်သည့်ပြင် ဥရောပတိုက်တွင် အရေးပါသော လေယာဉ်စခန်းတစ်ခုလည်းဖြစ်သည်။ မြို့၏မြောက်ဘက် မိုင် ၂၀ခန့် အကွာတွင် ကျောက်မီးသွေးတွင်းနှင့် စက်မှုလက်မှုလုပ်ငန်း ထွန်းကားသော ရူးဝါးမြစ်ဝှမ်းဒေသရှိသည့်ပြင်၊ တောင်ဘက်၌လည်း သံနှင့် ကျောက်မီးသွေးထွက်သော ဆားနယ်နှင့် လိုရိန်းနယ်များရှိသဖြင့် ကိုလုန်းမြို့သည် ဂျာမနီနိုင်ငံ၏ ပို့ဆောင်ရေးလမ်းဆုံမြို့ကြီးနှင့် စက်မှုလက်မှုထွန်းကားသော မြို့ကြီးဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းမှာ များပြားကြီးကျယ်၍ သကြား၊ ချောကလက်၊ ဆပ်ပြာ၊ ဆေး၊ ကော်၊ အရက်၊ ဘိလပ်ရည်၊ ကတ္တီပါ၊ ပိုးထည်၊ သိုးမွေးထည်၊ ချည်ထည်၊ ဓာတ်ပစ္စည်းများ၊ မော်တော်ကားနှင့် စက်ကရိယာပစ္စည်းများမှာ ထင်ရှားလေသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ထင်ရှားကျော်ကြား၍ လူအများ နှစ်သက်သုံးစွဲကြသော "အော်ဒီကလုန်း (Eau de Cologne)" ရေမွှေးမှာ ကိုလုန်းမြို့ထွက်ပစ္စည်းတစ်ခုဖြစ်၏။[၂]
ကိုလုန်းမြို့သည် ဘာလင်မြို့၊ ဟမ်းဗတ်မြို့နှင့် မြူးနစ်မြို့တို့ပြီးလျှင် ဂျာမနီနိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံးမြို့ဖြစ်သည်။ နေထိုင်သူ လူဦးရေ ၁၀ သန်းကျော်ရှိပြီး ဥရောပ၏ အဓိကမြို့ပြဒေသကြီးများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။ ကိုလုန်းမြို့သည် ရိုင်းမြစ်၏ မြစ်ကမ်းနှစ်ဖက်စလုံးတွင် တည်ရှိသည်။ ကိုလုန်းတက္ကသိုလ်သည် ဥရောပ၏ အကြီးဆုံးနှင့် ရှေးအကျဆုံး တက္ကသိုလ်များထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။
Remove ads
မြို့သမိုင်း
ကိုလုန်းမြို့ကို အေဒီ ၁ ရာစုကပင် စတင်တည်ထောင်ခဲသည်။ အလယ်ခေတ်အတွင်းက ဥရောပအတွင်း အရှေ့နှင့် အနောက်ကို ဆက်သွယ်သော လမ်းကြောင်းပေါ်တွင် ရှိသဖြင့် အလွန်စည်ပင်ဝပြောခဲ့သည်။ အလယ်ခေတ်နှင့် ရီနေဆွန်းခေတ်များတွင် အယ်လ်ပ်တောင်တန်း၏ မြောက်ဘက်ရှိ အကြီးဆုံးမြို့များတွင် တစ်ခု အပါအဝင်ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်တိုင်အောင်ပင် ပြင်သစ်၊ အင်္ဂလိပ်တို့၏ ကျူးကျော်မှုများကို ခံခဲ့ရဖူးသည်။
ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနိုင်ငံအတွင်း ဗုံးအများဆုံး ကြဲခံရသော မြို့များတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ ထိုသို့ ဗုံးကြဲချမှုကြောင့် လူဦးရေ ၉၅ ရာခိုင်နှုန်းမျှ သေကြေပျက်စီးခဲ့ရပြီး တစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရသည်။

သမိုင်းဝင် အဆောက်အဦး အများအပြားကို လက်ရာမပျက် ပြန်လည်တည်ဆောက်ရန် ကြိုးစားခဲ့သဖြင့် ရောပြွမ်းပြီး တသီးတသန့်ဖြစ်သော မြို့ပြပုံစံတစ်ခု ဖြစ်လာခဲ့သည်။
Remove ads
ထင်ရှားသော အဆောက်အဦများနှင့် ဗိသုကာလက်ရာများ

ကိုလုန်းကသီဒရယ် ဘုရားရှိခိုးကျောင်းကြီးမှာ ၁၂၄၈ ခုနှစ်လောက်က စတင်တည်ဆောက်ခဲ့၍ ၁၈၈၀ ပြည့်နှစ်ကုန်လောက်တွင်မှ ပြီးစီးခဲ့ရာ၊ ဥရောပတိုက် မြောက်ပိုင်းတွင် အကြီးဆုံးသော ဂေါ့သပုံစံ ဘုရားရှိခိုးကျောင်းကြီးဖြစ်ပေသည်။ ထိုအဆောက်အဦ၏ အမိုးချွန်ကြီး ၂ ဆောင်မှာ ၅၁၅ ပေ (၁၅၇ မီတာ) မျှမြင့်၍ ကိုလုန်းမြို့ပတ်ဝန်းကျင်ကို ထိုအမိုးချွန်ကြီးများပေါ်မှကောင်းစွာမြင်နိုင်သည်။ ဘုရားရှိခိုးကျောင်းအတွင်းတွင် ကြည်နူးဖွယ်ရာ သီချင်းဆိုသည့်နေရာများ၊ မုတ်ခုံးများ၊ ဆေးခြယ်ထားသော မှန်ပြတင်းများနှင့် ရှည်လျားသောတိုင်ကြီးများရှိရာ အလွန်တရာခမ်းနားထည်ဝါလှပေသည်။ ထိုဘုရားရှိခိုးကျောင်းရှိ နာမည်ကျော် 'ဧကရာဇ်' ခေါင်းလောင်းကြီးမှာ အလေးချိန် ၂၇တန်ရှိ၏။ ထိုခေါင်းလောင်းကြီးကို ပထမကမ္ဘာစစ်အတွင်းက ၁၉၁၇ ခုနှစ်၌ ဂျာမနီက လက်နက်လုပ်ရန် သတ္တုများလိုနေသဖြင့် အရည်ကျိုပစ်လိုက်သည်။ သို့ရာတွင် စစ်ပြီးသောအခါ ၂၄တန်ရှိ ခေါင်းလောင်းသစ်တစ်လုံးကို ၁၉၂၃ ခုနှစ်တွင် အစားထိုးကာ ထားလေသည်။ အခြားထင်ရှားသော ရှေးဟောင်းအဆောက်အဦများမှာ ၁၅ ရာစုနှစ်အတွင်းက ဆောက်လုပ်ခဲ့သော ဒါဇနစ် ခေါ် ဧည့်သည်တော်များ ဧည့်ခံရာ အဆောက်အဦ၊ မြို့တော်ခန်းမကြီးနှင့် နိုက်တင်းပလား သူရဲကောင်းများ ဂေဟာတို့ဖြစ်ကြ၏။[၂]
ကိုလုန်းမြို့တွင် ပြတိုက်ပေါင်း ၃၀ ကျော်နှင့် ပြခန်းပေါင်း ၁၀၀ ကျော် ရှိသည်။ ပြပွဲများမှာ ဒေသခံ ရှေးကျသော ရောမ ရှေးဟောင်းအဆောက်အဦများမှ ခေတ်ပြိုင် ဂရပ်ဖစ် နှင့် ပန်းပုများအထိ အမျိုးမျိုးအစားစားရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads