ကိုလေး (ဗိုလ်ချုပ်)
ဒုတိယဝန်ကြီး-ကာကွယ်ရေးဝန်ကြီးဌာန From Wikipedia, the free encyclopedia
Remove ads
ဗိုလ်ချုပ်ကိုလေး (၁၉၆၅ ဖွား) သည် တပ်မတော်သားတစ်ဦးဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ၏ လက်ရှိ ဒုတိယဝန်ကြီး ဖြစ်သည်။[၁] ယင်းမတိုင်မီက သူသည် ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဖြစ်ခဲ့သည်။
Remove ads
စစ်မှုထမ်းဘဝ
သူသည် စစ်တက္ကသိုလ် အမှတ်စဉ် (၂၇) ဆင်း တစ်ဦးဖြစ်သည်။ ပြန်တမ်းဝင်အမှတ် ကြည်း ၁၉၅၉၀ ဖြင့် စစ်မှုထမ်းသည်။တပ်မတော် တွင် နှစ်ပေါင်း၃၀ကျော်ကြာ အဆင့်ဆင့်တာဝန် ထမ်းဆောင်ပြီးနောက် ၂၀၁၉ ခုနှစ် တွင် ဗိုလ်ချုပ်အဆင့်ဖြင့် ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဖြစ်လာခဲ့သည်။ထိုသို့ဖြစ်လာပြီးနောက် သူသည် တပ်မတော်နေ့ ကျင်းပရေး စစ်ရေးပြလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန် ယူရသည်။[၂]သူသည် တပ်မတော် ဒုတိယအကြီးအကဲဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ လူယုံတစ်ဦး ဟူ၍လည်း ဖော်ညွှန်းခံရသည်။[၃]ယင်းအပြင် ဒရုန်းတပ်ဖွဲ့ ကိုလည်း စီမံကွပ်ကဲရသည်။
Remove ads
ဒုတိယဝန်ကြီးဘဝ
၂၀၂၄ ခုနှစ် မေလ ၂၈ ရက်နေ့ တွင် ကာကွယ်ရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ပေးခံရသည်။
ရရှိခဲ့သောဆု
၎င်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ရက်တွင် တပ်မတော်ဆိုင်ရာစွမ်းဆောင်မှုဘွဲ့တံဆိပ် တစ်ခု ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ အားချီးမြှင့်ခံရသည်။[၄] ယင်းအပြင် သူသည် ၂၀၂၀ပြည့်နှစ်ထဲမှာပင် တပ်မတော်ဆိုင်ရာစွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ် ကိုလည်း ချီးမြှင့်ခံရသည်။[၅]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads