ကူကီးအမျိုးသားတပ်မတော်
From Wikipedia, the free encyclopedia
Remove ads
ကူကီးအမျိုးသားတပ်မတော် (အင်္ဂလိပ်: Kuki National Army; အတိုကောက် KNA) သည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လှုပ်ရှားနေသော ကူကီးလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ကူကီးအမျိုးသားအစည်းအရုံး၏ လက်နက်ကိုင်တပ်ဖွဲ့လည်း ဖြစ်သည်။[၂][၁][၃]၂၀၁၉ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ကူကီးအမျိုးသားအစည်းအရုံးသည် ကြေညာချက်တစောင် ထုတ်ပြန်ပြီး KNO/KNA(Burma)အဖွဲ့အစည်းအား တရားဝင်ဖျက်သိမ်းသည်။[၄]

Remove ads
သမိုင်းကြောင်း
ကူကီးအမျိုးသားပြည်နယ် ထူထောင်ရန်အတွက် အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ ကူကီးလူမျိုးများက ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် စတင် တည်ထောင်ခဲ့သည်။ ယင်းအချိန်မှ ၂၀၁၃ ခုနှစ်အထိ တပ်မတော်နှင့် တိုက်ပွဲပေါင်း ၂၀ ကျော် ဖြစ်ပွားခဲ့သည်။[၂]၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီးတွင် အခြားသော ကူကီးအဖွဲ့အစည်းများက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ အဖွဲ့အစည်းအား သီးခြားစီထားရှိရန် ဆွေးနွေးခဲ့ကြပြီးနောက် ကူကီးအမျိုးသားအစည်းအရုံး/ကူကီးအမျိုးသားတပ်မတော် (မြန်မာနိုင်ငံ) KNO/KNA (Burma) ဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။[၂] ၂၀၁၈ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ချက်တစ်ရပ်ဖြင့် ကူကီးအမျိုးသားအ စည်းအရုံး၏ အဓိကရည်မှန်းချက်မှာ ကူကီးတစ်မျိုးသားလုံး၏အကျိုးစီးပွားနှင့် ဘဝလုံခြုံမှုကို အာမခံချက်ပေးနိုင်ရန်အတွက် ကူကီးအမျိုး သားပြည်နယ်ထူထောင်ရေးဖြစ်သည်ဟု တရားဝင်အသိပေးကြေညာသည်။၂၀၁၉ ခုနှစ် မေ ၂၇ ရက်တွင် KNO/KNA(Burma)၏ ဗဟိုကော်မတီအတွင်း ဖြစ်ပေါ်နေသော သဘောထားတင်းမာမှုများအား ဖြေရှင်းနိုင်ရန်အတွက် အထွေထွေညီလာခံကို ခေါ်ယူကျင်းပမည့် ကြေညာချက်အားထုတ်ပြန်သည်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ကူကီးအမျိုးသားအစည်းအရုံးက အဖွဲ့အစည်းအား တရားဝင်ဖျက်သိမ်းသည်။
Remove ads
ခေါင်းဆောင်များ
- ဥက္ကဋ္ဌ - Pu Letlam
- ဒုဥက္ကဋ္ဌ - Pu Chuchung
- အထွေထွေ အတွင်းရေးမှူး - Pi Ngangai
- တွဲဖက်အတွင်းရေးမှူး - Pu Khupmang
- စစ်ဦးစီးချုပ် - Pu Paulneo
- သတင်းနှင့် ပြန်ကြားရေးဌာန - Pu Seigin
- ပြည်ထဲရေးဌာန - Pu Michael Sasat
- ထောက်လှမ်းရေးဌာန - Pu Letkholun
- မဟာမိတ်နှင့် နိုင်ငံခြားဆက်ဆံရေးဌာန - Pu Boipu
- လူ့အခွင့်အရေး လေ့လာသုံးသပ်မှုဆိုင်ရာ ဌာန - Pi Lalam
လှုပ်ရှားသည့် ဧရိယာ
ကူကီးအမျိုးသားတပ်မတော်သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် နှစ်ဖွဲ့ခွဲကာ လှုပ်ရှားသည်။[၂]
- အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း
ခွဲထွက်အဖွဲ့အစည်း
ဖျက်သိမ်းလိုက်ပြီးသော KNO/KNA(Burma)၏ မပြီးဆုံးသေးသော တော်လှန်ရေးလုပ်ငန်းတာဝန်အရပ်ရပ်အား လက်ဆင့်ကမ်းရန်အတွက်ဟုဆိုပြီး ယခင်တပ်ဖွဲ့ဝင်များဖြင့် ၂၀၂၁ စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်တွင် ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC)/ကူကီးပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UKSA) အသစ်ကို ထူထောင်ကြသည်။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် UKSC/UKSA သည် အဖွဲ့အစည်း၏ ခေါင်းဆောင်နှင့် ဗဟိုကော်မတီဝင်များကို ထုတ်ပြန်ကြေညာထားခြင်း မရှိခဲ့ပေ။ [၅]

ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ
(United Kuki State Council)
Army wing:

ကူကီးပြည်သွေးစည်းညီညွတ်ရေးတပ်မတော်
(United Kuki State Army)
---
Website:
Facebook: https://www.facebook.com/United-Kuki-State-Council-United-Kuki-State-Army-100263972195536/
ရုံးချုပ် မိုဘိုင်းဌာနချုပ် (Mobile Headquarters)
လှုပ်ရှားနယ်မြေ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ရှိ တမူးမြို့နယ်၊ လေရှီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် တွန်းဇံမြို့နယ်တို့ ပါဝင်သည်။
UKSC/ UKSA ၏ နိုင်ငံရေးဆိုင်ရာဦးတည်ချက်များ
• လူ့အခွင့်အရေး ပြည့်ဝစွာ ရရှိရေး
ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ သတ်မှတ်ပြဋ္ဌာန်းထားသော လူ့အခွင့်အရေး စံနှုန်းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးများနှင့်အညီ ကူကီးပြည်သူ တစ်ဦးချင်းစီ၏ မွေးရာပါ လူ့အခွင့်အရေးများအား ပြည့်ပြည့်ဝဝ ပိုင်ဆိုင်ရရှိရေး။
• ကူကီးအမျိုးသားပြည်နယ် ထူထောင်ရေး
ကူကီးလူမျိုးတို့ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်နေထိုင်ခဲ့ကြသော နယ်မြေဒေသများအားလုံးကို စုစည်း၍၊ မိမိကိုယ်ကို ပိုင်းဖြတ်ဆုံးဖြတ်ပိုင်ခွင့် (Self-determination) အပြည့်အဝရှိသည့် ကူကီးအမျိုးသားပြည်နယ်ကို တည်ထောင်ရေး။
• စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေး
ပြည်သူလူထုတစ်ရပ်လုံး၏ အဓိကဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင် အမြစ်ပြတ်ချေမှုန်းဖယ်ရှားပစ်ရေး။
• စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး
ကူကီးလူမျိုးများ အပါအဝင် နိုင်ငံအတွင်းရှိ လူမျိုးစု အသီးသီးတို့၏ ဘဝလုံခြုံမှုကို အာမခံနိုင်မည့်၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုးအကြား တန်းတူညီမျှမှုကို အခြေခံသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို ဖွဲ့စည်းတည်ဆောက်ရေး။
• နိုင်ငံသားအဖြစ် ပြန်လည်ခံယူပိုင်ခွင့် ရရှိရေး
ခါတော်မီစစ်ဆင်ရေး (၁၉၆၇) ကာလအတွင်း မတရားသဖြင့် ပြည်နှင်ဒဏ်ခံခဲ့ရသော ကူကီးပြည်သူများနှင့် ၎င်းတို့၏ သားစဉ်မြေးဆက်များအားလုံးကို အလိုအလျောက် နိုင်ငံသားအဖြစ် ပြန်လည်ခံယူပိုင်ခွင့် ရရှိရေး။
UKSC/ UKSA ၏ အမျိုးသားရေး ဦးတည်ချက်များ
• အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး
လူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသော ကူကီးလူမျိုးတို့၏ အမျိုးဂုဏ်နှင့် ဇာတိဂုဏ်တို့ကို မြင့်မားစွာ ထိန်းသိမ်းမြှင့်တင်ရေး။
• ယဉ်ကျေးမှု အမွေအနှစ် စောင့်ရှောက်ရေး
ကူကီးလူမျိုးတို့၏ စာပေ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် အမျိုးသားရေး လက္ခဏာရပ်များကို မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး။
• စည်းလုံးညီညွတ်မှုနှင့် မျိုးချစ်စိတ်ဓာတ် ခိုင်မာရေး
ကူကီးလူမျိုးတို့အချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက် ခိုင်မာလာရေး။
• လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး
ကူကီးလူမျိုးတို့၏ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများနှင့် လူနေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေး။
UKSC/ UKSA ၏ သစ္စာအဓိဋ္ဌာန်များ
• ကျွန်ုပ်တို့သည် ခေတ်အဆက်ဆက် ကူကီးပြည်သူများ၏ အကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်ပုဂ္ဂိုလ်များအပေါ်၌ အစဉ်အမြဲ သစ္စာစောင့်သိပါမည်။
• ကျွန်ုပ်တို့သည် ကူကီးပြည်သူများ အဖိနှိပ်ခံဘဝမှ အပြီးတိုင် လွတ်မြောက်နိုင်ရေးအတွက် သစ္စာရှိစွာ ဆောင်ရွက်သွားပါမည်။
• ကျွန်ုပ်တို့သည် အမျိုးသားရေးအတွက် လိုအပ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရန် သစ္စာပြုပါသည်။
• ကျွန်ုပ်တို့သည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးတွင် ကူကီးအမျိုးသားတို့၏ လိုအပ်ချက်များ ပြည့်ဝသည်အထိ ဆက်လက်တိုက်ပွဲဝင်ရန် သစ္စာပြုပါသည်။
• ကျွန်ုပ်တို့သည် မြန်မာနိုင်ငံရှိ လူမျိုးများအကြား တန်းတူညီမျှမှု အပြည့်အဝရှိသည်အထိ အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကာ တိုက်ပွဲဝင်ရန် သစ္စာပြုပါသည်။
UKSC/ UKSA ၏ နိုင်ငံရေးနှင့် အမျိုးသားရေး ယုံကြည်ချက်များ
• မြန်မာနိုင်ငံတွင် စစ်မှန်သော၊ လူမျိုးပေါင်းစုံလက်ခံနိုင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် မတည်ဆောက်နိုင်သေးသရွေ့ ပြည်တွင်းငြိမ်းချမ်းရေး၊ လူနည်းစုတို့၏ အခွင့်အရေးနှင့် နိုင်ငံရေး ရပိုင်ခွင့်များအပေါ် အာမခံချက်ရှိမည် မဟုတ်ကြောင်း ယုံကြည်သည်။
• စစ်အာဏာရှင်စနစ် သို့မဟုတ် လူမျိုးကြီးဝါဒကို အမြစ်ပါမကျန် သုတ်သင်ဖယ်ရှားနိုင်မှသာ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု ယုံကြည်သည်။
• လူသားအားလုံး၏ အခြေခံလူ့အခွင့်အရေးများ ရရှိနိုင်ရန်အတွက် ယင်းအခွင့်အရေးကို အဟန့်အတားဖြစ်စေသော စစ်အာဏာရှင်စနစ် သို့မဟုတ် လူမျိုးကြီးဝါဒအား အမြစ်ပါမကျန် တိုက်ဖျက်ရမည်ဖြစ်ပြီး၊ ၎င်းစနစ်များ အုပ်ချုပ်မင်းမူနေသမျှ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မည် မဟုတ်သဖြင့် ပြည်သူများလည်း ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း UKSC/ UKSA အနေဖြင့် အခိုင်အမာ ယုံကြည်သည်။
• မြန်မာနိုင်ငံ၏ ပကတိပြဿနာသည် ဒီမိုကရေစီအရေးသက်သက် မဟုတ်ဘဲ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သော တိုင်းရင်းသား လူမျိုးစုများ၏ ရပိုင်ခွင့် ဆုံးရှုံးခဲ့ရသည့် ပြဿနာများကြောင့် ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးစုများ၏ ရပိုင်ခွင့်များကို ဒီမိုကရေစီအရေးနှင့် တစ်ပြိုင်တည်း ဆောင်ရွက်မှသာ အဖြေရမည်ဟု ယုံကြည်သည်။
• စစ်မှန်သော ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်မှသာ ကူကီးလူမျိုးများကဲ့သို့သော လူနည်းစု တိုင်းရင်းသားများ၏ ဘဝလုံခြုံမှုနှင့် အမျိုးသားရေး ရပိုင်ခွင့်များကို အာမခံချက်ပေးနိုင်မည်ဟု အခိုင်အမာ ယုံကြည်သည်။ နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာမှသာ ပြေလည်နိုင်မည်ဟုလည်း ယုံကြည်သည်။
• အာဏာရှင်စနစ်ဆိုး သို့မဟုတ် လူမျိုးကြီးဝါဒ ယနေ့တိုင် ရှင်သန်နေခြင်းမှာ တိုင်းရင်းသားလူမျိုးစု အသီးသီး (ဗမာအပါအဝင်) တို့အကြား အပြန်အလှန်ယုံကြည်မှု၊ လေးစားအသိအမှတ်ပြုမှုနှင့် နားလည်မှုများ၊ စစ်မှန်သော စည်းလုံးညီညွတ်မှုတို့ နည်းပါးနေခြင်းကြောင့် ဖြစ်သည်။ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းတိုက်ပွဲဝင်ပါက အချိန်တိုအတွင်း အောင်ပွဲဆင်နိုင်မည်ဟု ယုံကြည်သည်။
• တိုင်းရင်းသားလူမျိုးစု အသီးသီးတို့သည် မိမိတို့၏ နိုင်ငံရေးဦးတည်ချက်များနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးအဖြေရှာကာ လူမျိုးစုတို့၏ ဘဝလုံခြုံမှုအပေါ် အာမခံချက်ရရှိစေမည့် သဘောတူညီမှုများ ရယူနိုင်မှသာ တော်လှန်သူများအကြား စစ်မှန်သော စည်းလုံးညီညွတ်မှု ပေါ်ပေါက်စေမည်ဖြစ်ပြီး၊ ထိုညီညွတ်မှုသည်သာ အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်ပယ်ရှားနိုင်မည်ဟု အလေးအနက် ယုံကြည်သည်။
• ပြည်နယ်ထူထောင်ခွင့် မရရှိကြသေးသော တိုင်းရင်းသားလူမျိုးစုများ၏ ပြည်နယ်ထူထောင်ခွင့် အခွင့်အရေးသည် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော ဌာနေတိုင်းရင်းသားလူမျိုးစု အသီးသီးတို့ မဖြစ်မနေ ရရှိရမည့် မွေးရာပါ အခွင့်အရေးတစ်ရပ်ဖြစ်သည်ဟု UKSC/ UKSA အနေဖြင့် အခိုင်အမာ ယုံကြည်သည်။
• စစ်မှန်သော ဒီမိုကရေစီနှင့် တန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်အား ဖွဲ့စည်းတည်ထောင်နိုင်ရန် တိုင်းရင်းသားလူမျိုးများ ဆင်နွှဲနေသော တော်လှန်ရေးသည် ကူကီးတစ်မျိုးသားလုံး၏ သမိုင်းပေး တာဝန်ဖြစ်သည်ဟု အခိုင်အမာ ဆုပ်ကိုင်ခံယူသည်။
• ကူကီးအမျိုးသား တော်လှန်ရေးအောင်မြင်ရန် လက်နက်အင်အား၊ လူအင်အားတို့ထက် ကျစ်လစ်ခိုင်မာသော အမျိုးသား သွေးစည်းညီညွတ်မှု တည်ဆောက်နိုင်ရေးသည်သာ ပို၍ အဓိကကျသည်ဟု အခိုင်အမာ ဆုပ်ကိုင်ခံယူသည်။
• အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ရာတွင် အဟန့်အတားဖြစ်စေနိုင်သည့် အမည်နာမစွဲ စိတ်ဓာတ်များ၊ ဆွေမျိုးနွယ်စုစွဲ စိတ်ဓာတ်များ၊ တစ်ကိုယ်ကောင်းဆန်သော စိတ်ဓာတ်များ၊ ထင်ပေါ်ကျော်ကြားလိုသော အတ္တစိတ်များနှင့် အတွေးအခေါ်ဟောင်းများကိုပါ တော်လှန်ရေးကာလတွင် ဖယ်ရှားပစ်ရမည်ဟု အခိုင်အမာ ဆုပ်ကိုင်ခံယူသည်။
• ယနေ့ဆင်နွှဲနေသော ကူကီးအမျိုးသား တော်လှန်ရေးသည် ကူကီးတစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် ဘဝလုံခြုံမှုကို အာမခံချက်အပြည့်အဝ ရရှိစေမည့် တော်လှန်ရေးဖြစ်သည်ဟု အခိုင်အမာ ဆုပ်ကိုင်ခံယူသည်။
• ယနေ့ဆင်နွှဲနေသော ကူကီးအမျိုးသား တော်လှန်ရေးတွင် ကူကီးပြည်သူတစ်ရပ်လုံးသည် မလွဲမသွေ ပါဝင်ပူးပေါင်းရန် သမိုင်းပေးတာဝန်ရှိသည်ဟု အခိုင်အမာ ဆုပ်ကိုင်ခံယူသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
