ကျန်းမာရေးတက္ကသိုလ်

တက္ကသိုလ် From Wikipedia, the free encyclopedia

ကျန်းမာရေးတက္ကသိုလ်
Remove ads

အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) သည် မြန်မာနိုင်ငံကျန်းမာရေး ဝန်ကြီးဌာန အောက်ရှိ ပြည်သူ့ကျန်းမာရေး တက္ကသိုလ် တစ်ခုဖြစ်ပြီး မကွေးတိုင်းဒေသကြီးမကွေးမြို့တွင် တည်ရှိသည်။ တက္ကသိုလ် သည် ကျန်းမာရေးသိပ္ပံဘွဲ့ကို လေးနှစ် တက်ရောက်သင်ကြားစေပြီး နောက်တစ်နှစ်တွင် မဟာဘွဲ့ကို ပေးအပ်သည်။

အချက်တိုများ

တက်ရောက်သင်ကြားသော ကျောင်းသားများသည် ပြည်သူ့ကျန်းမာရေးအကြောင်းကို သင်ကြားရပြီး ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီသော ကျေးလက်ပြည်သူများအတွက် ဆေးကုသမှုများပါ သင်ကြားပေးသည်။ ပုံမှန်အားဖြင့် ဘွဲ့ရသူများသည် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဌာန အောက်တွင် ကျန်းမာရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်ကြရသည်။ သူတို့သည် ကျန်းမာရေးစောင့်ရှောက်မှု မရှိသော ကျေးလက်ပြည်သူများအတွက် အရေးကြီးသော ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများဖြစ်သည်။

Remove ads

သမိုင်းကြောင်း

ဆေးဆရာဝန်ရှားပါး၍ ကျန်းမာရေးစောင့်ရှောက်မှု ခက်ခဲပြီး လက်လှမ်းမမှီသော ကျေးလက်နေပြည်သူများအတွက် ရည်ရွယ် ၍ ဦးနုအစိုးရ၏ ကျန်းမာရေးပေါ်လစီအရ ၁၉၅၁ ခုနှစ်တွင် ကျန်းမာရေးမှူးသင်တန်းကျောင်းကို ရန်ကုန်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ သင်တန်းကျောင်းကို ၁၉၆၃ ခုနှစ်တွင် အင်းစိန်သို့လည်းကောင်း၊ ၁၉၆၈ တွင် လှည်းကူးသို့လည်းကောင်း ပြောင်းရွေ့ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ထိုကျောင်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ကျန်းမာရေးမှူးသင်တန်းကျောင်းနှင့် အောင်ဆန်း Health Demonstration Unit (ကွင်းဆင်းဌာန) တို့ ပူးပေါင်း၍ အခြေခံကျန်းမာရေးလုပ်သားများအတွက် ကျန်းမာရေးသိပ္ပံကျောင်း (School of Health Science for Basic Health Workers) အဖြစ် အဆင့်မြင့်တင်ခဲ့သည်။ ထိုမှတဖန် University of Community Health (အခြေခံကျန်းမာရေးတက္ကသိုလ် / လူထုကျန်းမာရေး တက္ကသိုလ်) အဖြစ် ၁၉၉၆ ခုနှစ်တွင် အဆင့်မြင့်တင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ပြောင်းရွေ့ခဲ့သည်။ ကွင်းဆင်းဌာနကိုလည်း စလင်းမြို့နယ် တောစိမ့်ရွာသို့ ၂၀၀၆ ခုနှစ်တွင် ပြောင်းရွေ့ခဲ့သည်။

Remove ads

ဌာနများ

  • ဇီဝဆေးသိပ္ပံ ဌာန
  • လူထုကျန်းမာရေး ဌာန
  • ရောဂါနှိမ်နှင်းရေး ဌာန
  • ကျန်းမာရေးပညာ ဌာန
  • ပတ်ဝန်းကျင်သန့်ရှင်းရေး ဌာန
  • ပညာရေး သိပ္ပံ ဌာန
  • မြန်မာစာ ဌာန
  • အင်္ဂလိပ်စာ ဌာန
  • ရုက္ခဗေဒ ဌာန
  • သတ္တဗေဒ ဌာန
  • ရူပဗေဒ ဌာန
  • ဓာတုဗေဒ ဌာန
  • ကွင်းဆင်း သုတေသန ဌာန (တောစိမ့်ရွာ၊ စလင်းမြို့နယ်)

သင်ရိုးညွှန်းတမ်း

နှစ်စဉ် ဇန်နဝါရီလ မှ အောက်တိုဘာလ အထိ တက်ရောက်သင်ကြားရသည်။ နောက်ဆုံးနှစ်တွင် ကျောင်းသားများသည် ရေးဖြေ၊ နှုတ်ဖြေ၊ ဆေးရုံတွင် လက်တွေ့ဖြေ၊ ကွင်းဆင်း၊ အစရှိသည်တို့ကို ဖြေဆိုကြရသည်။

ပထမနှစ်

ဒုတိယနှစ်

တတိယနှစ်

  • ရောဂါ ထိန်းချူပ်ရေး
  • ကျန်းမာရေးပညာပေးခြင်း
  • ပတ်ဝန်းကျင် သန့်ရှင်းရေး
  • ပညာရေး သိပ္ပံ
  • ဆေးပညာ
  • ခွဲစိတ်ပညာ
  • လူထု ကျန်းမာရေး
  • သုတေသန

နောက်ဆုံးနှစ်

နောက်ဆုံးနှစ် ကျောင်းသားများသည် ပရိုတိုကော အတွက် သုတေသနစာတမ်းပြုလုပ်ရန် မကွေးတိုင်းဒေသကြီး အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာန များသို အောက်တိုဘာလမှ နိုဝင်ဘာအထိ သွားရောက်နေထိုင်ရသည်။

ပေါင်းစည်းချိတ်ဆက်ထားသော ဆေးရုံများ

ကျောင်းသားကျောင်းသူများသည် ဆေးရုံတွင် ၃ လတာ လက်တွေ့ဆင်းရန် အတွက် အောက်ပါ ဆေးရုံများ ရှိသည်။

ကျောင်းသားများသည် မိမိတို့၏ သုတေသနစာတမ်းအတွက် ကျေးလက်ကျန်းမာရေးဌာန သို့ ၈ ပတ် သွားရောက် လေ့လာရန်လိုသည်။

ဘွဲ့ အစီအစဉ်

ထိုတက္ကသိုလ်သည် ၄ နှစ် တက်ရောက်ပြီးပါက ကျန်းမာရေးသိပ္ပံဘွဲ့ (Bachelor of Community Health: B.Comm.H) ကို ပေးအပ်သည်။ ၂၀၁၇ ခုနှစ်မှ စတင်၍ ကျန်းမာရေး မဟာ သိပ္ပံဘွဲ့ (Master of Community Health: M.Comm.H) ကို ပေးအပ်သည်။

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads