ကျောင်းတော်ရာ

From Wikipedia, the free encyclopedia

Remove ads

ကျောင်းတော်ရာ သည် မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စု တွင် ရှိသည်။ ကျောင်းတော်ရာကျေးရွာသည် မြန်မာနိုင်ငံရှိ ထင်ရှားသည့် စေတီပုထိုးများစာရင်းဝင်သည့် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား တည်ရှိသောကြောင့် လူသိများသော ရွာဖြစ်သည်။

အချက်တိုများ ကျောင်းတော်ရာ, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

ဂေါတမဘုရားရှင်လက်ထက်တွင် မဟာပုဏ္ဏမထေရ်၏ ညီ စုဠပုဏ္ဏသူကြွယ် နှင့် ဝါဏိဇ္ဇဂါမရွာသား ငါးရာသော ကုန်သည်တို့ ကောင်းမှုအဖြစ် ဘုရားရှင်သီတင်းသုံးရန် ဆောက်လုပ်လှူဒါန်းခဲ့သော စန္ဒကူးနံ့သာကျောင်းတော်ရာကြီး တည်ရှိခဲ့သည့်နေနေကို အစွဲပြု၍ ကျောင်းတော်ရာ ဟုခေါ်တွင်ခဲ့သည်။[]


အုပ်ချုပ်ရေး

ကျောင်းတော်ရာသည် ကျောင်းတော်ရာကျေးရွာအုပ်စု၏ အုပ်စုချုပ် ရွာကြီးဖြစ်သည်။ ရွာတည်နေရာကုတ်မှာ ၁၈၆၂၉၇ ဖြစ်သည်။ [] ကျောင်းတော်ရာကျေးရွာတွင် ကျောင်းတော်ရာမြို့မရပ်ကွက်၊ ကျောင်းတော်ရာမြို့သစ်ရပ်ကွက်၊ ပဉ္စရူပရပ်ကွက် နှင့် ရတနာပုံရပ်ကွက် ဟူ၍ ရပ်ကွက် (၄) ခုရှိသည်။ ကျောင်းတော်ရာကျေးရွာအုပ်စုတွင် ကျေးရွာ(၆)ရွာ ပါဝင်သည်။ အုပ်စုဝင်ကျေးရွာများမှာ

Remove ads

လူဦးရေ

ပညာရေး

အခြေခံပညာအထက်တန်းကျောင်း(ကျောင်းတော်ရာ) ၁ ကျောင်း ရှိသည်။ ကလေးသူငယ်ပြုစုပျိုးထောင်ရေးကျောင်း ၂ ကျောင်း ရှိသည်။

စီးပွားရေး

လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည်။

ဆက်သွယ်ရေး

မြန်မာ့ဆက်သွယ်ရေး စာတိုက် ၁ ခု နှင့် အော်တိုအိတ်ချိန်းဌာန ၁ ခု ရှိသည်။ ကျောင်းတော်ရာတွင် ကုန်းလမ်း ဆက်သွယ်ရေး ကောင်းမွန်လာပြီဖြစ်သောကြောင့် ရန်ကုန်မြို့ ၊ မန္တလေးမြို့ စသည့် မြို့ကြီးများတိုက်ရိုက် ခရီးစဉ်အဖြစ် အမြန်ယာဉ်လိုင်းကားဂိတ်များလည်း ရှိနေပြီ ဖြစ်သည်။

အစိုးရရုံးဌာနများ

  • ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး
  • တောင်သူအကျိုးပြုလယ်စိုက်ရှင်းရုံး
  • သစ်တောပျိုးဥယျာဉ်
  • ကျေးလက်ကျန်းမားရေးဌာန (မကြာမီ တိုက်နယ်ဆေးရုံ အဖြစ် တိုးမြှင့်ဖွင့်လှစ်တော့မည်။ )
  • မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန
  • အရန်မီးသတ်တပ်ဖွဲ

ဘာသာရေး

  • စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား[]
  • မဟာမုနိကြေးသွန်းရုပ်ပွားတော်[]
  • ကျောင်းကြီးကျောင်းတိုက်
  • မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ အဖွဲ့ခွဲအမှတ် (၄၄၁)
  • ဓမ္မရသဓမ္မာရုံ
  • ရွှေနိဗ္ဗာန် အရုဏ်ဆွမ်းလောင်းအသင်း
  • သန္တိသုခ ဓမ္မာရုံ တို့ ရှိသည်။

ပရဟိတအသင်းအဖွဲ့များ

  • သီတာရေကြည်လူငယ်အဖွဲ့
  • မေတ္တာရှင်
  • မဇ္ဈိမမေတ္တာ
  • ဗိမာန်ရှင်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads