ကျောင်းသားလက်ရုံးတပ်တော်

From Wikipedia, the free encyclopedia

ကျောင်းသားလက်ရုံးတပ်တော်
Remove ads

ကျောင်းသားလက်ရုံးတပ်တော် (အင်္ဂလိပ်: Student Armed Force) သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တစ်ခု ဖြစ်သည်။

အချက်တိုများ ကျောင်းသားလက်ရုံးတပ်တော် Student Armed Force, တည်ထောင်ခြင်း ...
Remove ads

သမိုင်းကြောင်း

၂၀၂၁ ခုနှစ် မြန်မာအာဏာသိမ်းမှု အား တုံ့ပြန်သည့်အနေဖြင့် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်)မှ အဖွဲ့ဝင်များသည် ရက္ခိုင့်တပ်တော်၏ လွတ်မြောက်နယ်မြေ၌ အခြေခံစစ်ပညာသင်ယူခဲ့ပြီး ရက္ခိုင့်တပ်တော်၏ ထောက်ပံ့ကူညီမှုဖြင့် ကျောင်းသားလက်ရုံးတပ်တော်ကို ဦးဆောင်သူ ၂၂ ဦးဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။[][]

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော်က အင်အား ၆၀ ခန့်ရှိ တပ်မတော်စစ်ကြောင်းတစ်ခုအား တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ ကိုးဦး ကျဆုံးခဲ့သည်။[] သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်သူ ဟန်နီနွေဦး သည် ကျောင်းသားလက်ရုံးတပ်တော်တွင် အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads